Pages

Pages - Menu

Thursday, June 4, 2015

ဘာသာ သာသနာ အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရတဲ့ စာရေးဆရာ ဦးထင်လင်းဦး ကို အကန့်အသတ်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက တိုက်တွန်း


RangonNewsDaily:: June . 4 .2015
ဘာသာ သာသနာ အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရတဲ့ NLD ပြန်ကြားရေး အဖွဲ့ဝင်ဟောင်း စာရေးဆရာ ဦးထင်လင်းဦး ကို အကန့်အသတ်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက တိုက်တွန်းလိုက်ပါတယ်။
မြန်မာ အာဏာပိုင်တွေဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင် သွေးထိုး လှုံ့ဆော်နေသူတွေ၊ အမုန်းတရား ဟောပြောနေသူတွေကို အပြစ်ပေး အရေးယူတာမျိုး မရှိပဲ ဗုဒ္ဓဘာသာကို အကြောင်းပြပြီး ဘာသာရေးကို လက်နက်တခုအဖြစ် သုံးနေတဲ့ အစွန်းရောက်တွေအပေါ် ရဲရဲဝံ့ဝံ့ ကန့်ကွက် ပြောခဲ့သူ ဦးထင်လင်းဦးလို ပုဂ္ဂိုလ်မျိုးကိုတော့ ထောင်ဒဏ် အပြစ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရ အမျိုးသမီးက ဂျီနီဗာမြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ခွဲခြား ဖိနှိပ်မှုတွေ၊ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေနိုင်တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဟောပြာမှုတွေ၊ သွေးထိုး လှုံ့ဆော်မှုတွေကို မြန်မာအစိုးရအနေနဲ့ ဥပဒေကြောင်း အရ တားဆီး ပိတ်ပင်သင့်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ပြောပါတယ်။

စာရေးဆရာ ဦးထင်လင်းဦးဟာ ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က ချောင်းဦးမြို့နယ် သုံးပန်လှ ရွာက စာပေ ဟောပြောပွဲမှာ ရဟန်း သံဃာတချို့ရဲ့ ဟောပြောချက်တွေကို ထောက်ပြ ဝေဖန်ခဲ့လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ကန့်ကွက်ခဲ့ပြီးတဲ့နောက် အခုလို ထောင်ဒဏ် အပြစ်ပေးခံ ခဲ့ရတာ ဖြစ်ပါတယ်။
BBC , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment