Pages

Pages - Menu

Monday, June 29, 2015

ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ


RangonNewsDaily:: June . 28 .2015
ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဖော်မိုစာ ရေကစားဥယျာဉ်ရဲ့ စတိတ်စင်ကြီးမှာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ သူတွေထဲက ၁၈၂ ဦးကိုတော့ အထူး ကြပ်မတ်ဆောင်မှာ ကုသပေးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။
ဇွန် ၂၈ ရက် ညနေပိုင်းအထိ သေဆုံးတဲ့သူတွေ မရှိသေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
၆၀ ကျော်ကတော့ ကုသမှုခံယူပြီး ဆေးရုံကနေ ဆင်းသွားပြီလို့ဆိုပါတယ်။ ဒဏ်ရာရသူ ၅၀၇ ဦးကတော့ ထိုင်ဝမ်တွေဖြစ်ပြီး မကာအိုနဲ့ ဟောင်ကောင်က ၁ ဦးစီ၊ ၇ ဦးကတော့ တခြားနိုင်ငံတွေက ဖြစ်တယ်လို့ ထိုင်ဝမ် လူထု ကျန်းမာရေး ဌာနက ထုတ်ပြန်ပါတယ်။




ထိုင်ဝမ် လူထုကျန်မာရေး စောင့်ရှောက်မှု ၀န်ကြီးဌာနကတော့ ဒဏ်ရာရသူတွေအတွက် ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။
ကစားပွဲပြီးဆုံးခါနီး ရောင်စုံအမှုန့်တွေ ပက်ဖြန်းချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ အသံချဲ့စက်က ၀ါယာလျော့ကြောင့်ဖြစ်င်တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ပြောဆိုပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်း အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
DVB ::--
KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment