Pages

Pages - Menu

Wednesday, June 24, 2015

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကင်းပြည်နယ်တွင် အပူလှိုင်းရိုက်ခတ်မှုကြောင့် လူ ၁၈၀ ထက်မနည်း သေဆုံး


RangonNewsDaily:: June . 23 .2015
ပါကစ္စတန်နိုင်ငံတောင်ပိုင်းကင်းပြည်နယ်တွင် အပူလှိုင်းရိုက်ခတ်မှုကြောင့် လူ ၁၈ဝ ထက်မနည်း သေဆုံးခဲ့ပြီး အဆိုပါဒေသတွင် အာဏာပိုင်များက အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့ရကြောင်း ဇွန် ၂၂ ရက်တွင် သိရသည်။ အဆိုပါ ဒေသတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ရင်ခွဲရုံများတွင် အလောင်းများပြည့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် လူဦးရေ သန်း ၂ဝ မျှနေထိုင်သော ပါကစ္စတန်ဘဏ္ဍာရေး အချက်အချာမြို့ဖြစ်သည့် ကရာချိ၏ အစိတ်အပိုင်းများစွာကို ထိခိုက်စေခဲ့သည်။
ရင်ခွဲရုံများတွင် နေရာချောင်ချိစေရန် အမည်မဖော်နိုင်သော အလောင်းများအား မြှုပ်နှံခဲ့ရကြောင်း အက်ဟီ ဖောင်ဒေးရှင်း၏ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားသည်။
::
ကျန်းမာရေးဝန်ထမ်းများအား ခွင့်ခံစားခွင့်မပြုဘဲ ဆေးရုံများ၌ လိုအပ်သော ဓာတ်ဆားထုပ်များနှင့် အားဆေး များကို တာဝန်ရှိသူများက ဖြန့်ဖြူးစေခဲ့ကြောင်းသိရသည်။
Reuters::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment