Pages

Pages - Menu

Wednesday, June 3, 2015

မိုးကုတ် မြေပြိုမှု ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

RangonNewsDaily:: June . 3 .2015
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဇွန်လ ၂ ရက်နေ့ မနက်ခင်းက မြေပြိုမှု ဖြစ်ပွားပြီး ကလေးငယ်တဦး အပါအ၀င် လူ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။

မိုးသည်းထန်ပြီး အောင်သိဒ္ဓိရပ်ကွက်က အိမ်တအိမ်မှာ ခြံဝင်း အုတ်နံရံပြိုကျမှုကြောင့် လူတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြေပြိုတာက မနေ့မနက် ၆ နာရီလောက်၊ အောင်သိဒ္ဓိရပ်ကွက်က ဦးကျော်စိုးအိမ်မှာပါ။ သူတို့အိမ်က တောင်စောင်းမှာ ဆောက်ထားတော့ ခြံစည်းရိုးနဲ့ အုတ်တံတိုင်းပြိုကျတယ်၊ အိမ်က မြေကြီးအောက်ရောက်သွားတယ်။ အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံးပါတယ်။ အိမ်ရှင် ဦးကျော်စိုး နဲ့ သူ့သမီး မဖြိုးသီရိကျော်က ဒဏ်ရာရပြီး ဆေးရုံမှာခင်ဗျ ၊ မစိုးရိမ်ရဘူး။”

သေဆုံးသူတွေဟာ ဒေါ်တင့်ရှိန် (၇၅) နှစ်၊ ဒေါ်ထွေးထွေးသိမ့် (၄၀) နှစ်၊ ယွန်းနန္ဒာကျော် (၁၆) နှစ်နဲ့ မသင်းဖြူဖြူစိုး ( ၁၀ ) နှစ်တို့ဖြစ်ကာ အားလုံး ဦးကျော်စိုးရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
မိုးကုတ် မြတ်စေတနာလူမှု ကူညီရေးအသင်းဝင် ဦးတင်ချိုသွင်က “သူတို့အိမ်က တောင်ကမ်းပါးရံမှာ ဆောက်ထားတာလေ။ အခုက သူတို့အိမ်အထက်ဘက် သူများရဲ့ အုတ်တံတိုင်းက သူတို့အိမ်ပေါ်ပြိုကျတာ။ သေဆုံးသူတွေကို မြေကြီးထဲက ဖော်ထုတ်ပြီး မနေ့ကပဲ အသင်းက သင်္ဂြိုဟ်ပေးလိုက်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားကာ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ တာဝန်ကျဝန်ထမ်းက ပြောသွားပါတယ်။
DVB , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment