Pages

Pages - Menu

Tuesday, June 2, 2015

ရွှေတုံးအတု ၁၇၉ တုံးကို ဒေါ်လာသုံးသိန်းနီးပါးဖြင့် လိမ်လည်ရောင်းချ


RangonNewsDaily:: June . 2 .2015
ဗိုလ်တထောင်မြို့နယ်တွင် မေလ ၂၉ ရက်နေ့က ရွှေတုံးအတု ၁၇၉ တုံးကို အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါးဖြင့် ပလတ်စတစ်လုပ်ငန်းရှင် တစ်ဦးထံ လိမ်လည်ရောင်းချခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝေက ပြောကြားသည်။
အသက် ၄၀ နှစ်အရွယ် တရုတ်ဘာသာစကားပြောသူ အမျိုးသားနှစ်ဦးက မေလ ၂၅ ရက်နေ့က ပလတ်စတစ်လုပ်ငန်းရှင်ထံ ရွှေရောင်းလိုကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီးနောက် လုပ်ငန်းရှင်၏ နေအိမ်ထံ ရောက်လာပြီး နမူနာယူလာသည့် အလေးချိန် ခြောက်ကျပ်သားရှိ ရွှေတုံးတစ်တုံးကို ပြသခဲ့ရာ ကန်ဒေါ်လာ ၁၆၂၈ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားသူ၏ ထွက်ဆိုချက်များအရ သိရှိရသည်။
-
နမူနာပြသခဲ့သော ရွှေတုံးများကို ရွှေဘုံသာလမ်းတွင် သွားရောက်စစ်ဆေးစဉ်က ၁၄ ပဲရည် ရှိသော ရွှေအမျိုးအစားများ ဖြစ်ကြောင်း၊ ယင်းနောက် မေလ ၂၉ ရက်နေ့တွင် ရွှေရောင်းချသူနှစ်ဦးက ထပ်မံရောက်ရှိလာပြီး ရွှေတုံးအတု ၁၇၉ တုံးကို အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းဖြင့် ထပ်မံရောင်းချခဲ့သည်ကို ရွှေအရည်အသွေး ထပ်မံမစစ်ဆေးတော့ဘဲ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်တထောင် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
-
“ရွှေတုံးအတု လိမ်ရောင်းသူ နှစ်ယောက်က ပထမက ရွှေအစစ်တွေ လာရောင်းဖူးတယ်။ တစ်ကျပ်သားကို လေးသိန်းဝန်းကျင်လောက်နဲ့ ရောင်းခဲ့ရာက နောက်ပိုင်းမှာ ရွှေတုံးအတု ၁၇၉ တုံးကို ရောင်းချခဲ့တာ။ ပြီးမှ စစ်ကြည့်မှ ရွှေအတုတွေမှန်းသိပြီး စခန်းမှာ လိမ်လည်မှုနဲ့ အမှုလာဖွင့်တာ” ဟု ၎င်းက ပြောကြားသည်။
-
အဆိုပါ ရွှေတုံးအတုများ လိမ်လည်ရောင်းချခဲ့သော အမျိုးသားနှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန် (ပ)၁၀၀/၁၅ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice , 
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment