Pages

Pages - Menu

Friday, June 12, 2015

ကမ္ဘာ့ပထမဆုံး ဦးခေါင်းခွံ အစားထိုး ခွဲစိတ်မှု အောင်မြင်


RangonNewsDaily:: June . 12 .2015
ကမ္ဘာ့ပထမဆုံး ဦးခေါင်းခွံ အစားထိုးခွဲစိတ်မှုလို့ ဆိုရလောက်တဲ့ ခွဲစိတ်မှု တစ်ခုဟာ အမေရိကန်မှာ အောင်မြင်ခဲ့ပါတယ်။ James Boysen လို့ အမည်ရတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားဟာ လူနည်းမှာသာ ဖြစ်တတ်တဲ့ ကင်ဆာ ရောဂါတစ်မျိုးကို ကြုံတွေ့ရပါတယ်။ ယင်း ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းများမှာ မဖြစ်ပဲ ဦးခေါင်းမှာ ဖြစ်ပါတယ်။
ဦးနှောက်တစ်ဝိုက်ကို ရောက်နေတဲ့ ယင်း ကင်ဆာကို ကုဖို့နည်းလမ်းက ဦးခေါင်းထိပ်ပိုင်းကို ဖြတ်ထုတ်ပြီးတော့ အသစ် ဦးခေါင်းခွံ တပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆရာဝန်နဲ့ ခွဲစိတ်သူပေါင်း ၅၀ ကျော်ဟာ ၁၅ နာရီကြာ ယင်း အော်ပရေးရှင်းကို ပြုလုပ်ခဲ့ကြပါတယ်။
::
အော်ပရေးရှင်းအရ ဦးခေါင်းခွံကို ဖြတ်ထုတ်ပြီး အလှူရှင်တစ်ဦးရဲ့ ဦးခေါင်းကို တပ်ဆင်ပေးရပါတယ်။ အပေါ် ဦးခေါင်းက သွေးမျှင်ကြောများနဲ့ အောက်က ဦးခေါင်းသွေးမျှင်ကြောများ ဆက်သွားအောင် အော်ပရေးရှင်း ဝင်တယ်ဆိုတာ မလွယ်ကူလှပ်ပါဘူး။ ဖြစ်နိုင်ချေ ၁၀ပုံပုံ ၁ပုံတောင် မရှိတဲ့ ခွဲစိတ်မှုကို ကြိုးစားလုပ်ယူခဲ့ပြီး အောင်မြင်သွားပါတယ်။
လူနာ ဟာ ပုံမှာ မြင်တွေ့နေရသူ ဖြစ်ပြီး အချိန်ကာလတစ်ခုအထိ ကြာပြီးရင် သာမန်လူတစ်ယောက်လို နေနိုင်မှာ ဖြစ်ပါတယ်။
.
Ref: metro ,ရိုးရာလေး ::--
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment