Pages

Pages - Menu

Tuesday, June 2, 2015

မြန်မာအသင်း ယူကရိန်းကို ဂိုးဒါဇင်ဝက်ဖြင့် ရှုံးနိမ့်


RangonNewsDaily:: June . 2 .2015
မြန်မာအသင်းသည် ရှုံးထွက်အဆင့် တက်ရောက်ရေးအတွက် အလွန်အရေးပါသည့် အုပ်စုဒုတိယပွဲစဉ်တွင် ပြိုင်ဘက်ယူကရိန်းအသင်းကို ဒုတိယပိုင်းတွင် ဂိုးအများအပြား ပေးခဲ့ရကာ (၀-၆)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့သည်။
မြန်မာအသင်းမှာ ပထမပိုင်းတွင် အပြန်အလှန် ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ ယူကရိန်းအသင်း၏ တစ်ဖက်သတ်လွှမ်းမိုးမှုအောက် ကျရောက်သွားခဲ့ရသည်။ အထူးသဖြင့် ယူရိုပါလိဂ်ဖိုင်နယ်ရောက် ဒီနီပရိုကွင်းလယ် တိုက်စစ်သမား လူကယ်ဗစ်ခ်ျ အုပ်စုဒုတိယပွဲစဉ်တွင်မှ အသင်းနှင့်လာရောက် ပူးပေါင်းပြီး ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့ပြီးနောက် အားနည်းချက်များသည့် မြန်မာနောက်တန်းမှာ ယူကရိန်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အလဲလဲအပြိုပြို ဖြစ်သွားခဲ့သည်။






ယူကရိန်းအသင်းအတွက် ဂိုးများကို ယာရန်ချူ့ခ်(၅၁မိနစ်)၊ လူကယ်ဗစ်ခ်ျ(၅၄မိနစ်)၊ ကိုဗာလန်ကို(၅၇၊ ၇၇မိနစ်)၊ ဆိုဘို(၆၈မိနစ်)၊ ဘက်ယီဒင်(၇၁မိနစ်)တို့က သွင်းယူပေးခဲ့ကြသည်။ (၇၄)မိနစ်တွင် လူကယ်ဗစ်ခ်ျ ကန်သွင်းသည့် သေချာပေါက်ဂိုးပေးရမည့် အနေအထားကို နောက်ခံလူ သီဟထက်အောင် လက်ဖြင့်ဟန့်တားခဲ့သလို ဖြစ်ခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံရကာ ပယ်နယ်တီ ပေးခဲ့ရသော်လည်း ယူကရိန်းအသင်းမှ ပိုလေဟန်ကို၏ကန်ချက် ဘေးထွက်သွားခဲ့သဖြင့် မြန်မာအသင်း အရှုံးသက်သာ ခဲ့ရခြင်းဖြစ်သည်။

Eleven , 
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment