Pages

Pages - Menu

Saturday, June 27, 2015

မန္တလေး မဟာအောင်မြေ မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား အိမ်(၇)လုံး ဆုံးရှုံး


RangonNewsDaily:: June . 26 .2015
မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ် ၈၃×၈၄လမ်းကြား၊ ၄၀× ၄၁ လမ်းကြားအမှတ် ၅၁၂ ဥပုဒ်တော် ကုန်းရပ်တွင် ဇွန်လ (၂၅)ရက် ညနေ (၅း၁၅)နာရီက ဒေါ်မြသူဇာ နေအိမ်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ် (၇)လုံး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး(၆၀)၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၀၀)ဦးနှင့် ရပ်ကွက်နေ ပြည်သူတို့က ၀ိုင်းဝန်း ငြိမ်းသတ်ရာ (၅း၃၀)နာရီတွင် မီးငြိမ်း သွားကြောင်း သိရှိရသည်။ မီးလောင်ရာသို့ တိုင်းကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မန္တလေးခရိုင် အတွင်းမှ မြို့နယ်များမှ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅၀)ဦးမှ ကူညီမှုနှင့် ဆေးကုသမှုများ ပေးလျှက်ရှိပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦး ရှိကြောင်း သိရသည်။



မီးလောင်မှု ဖြစ်စဉ် အသေးစိပ်ကို ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဆက်လက် စုံစမ်းစစ်ဆေးလျှက် ရှိသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ (၂)ထပ်အိမ် (၄)လုံး၊ နံကပ် (၂)ထပ်အိမ် (၁)လုံး၊ ထရံကာ သွပ်မိုး (၁)ထပ်အိမ် (၁)လုံး၊ တဲအိမ် (၁)လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁၅)စု လူဦးရေ (၆၃)ဦး မီးဘေးသင့်ခဲ့သည်။ မီးဘေးသင့် ပြည်သူများအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည့် ကူညီ စောင့်ရှောက်မှုများပေးကာ ငြိမ်းအေးချမ်း ဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထား ရှိကြောင်း သိရှိရသည်
MOI::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment