Pages

Pages - Menu

Tuesday, June 9, 2015

၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၄ ရက်မြောက်နေ့အထိ မြန်မာ ရွှေတံဆိပ် ၁၀ ခုရရှိပြီ


RangonNewsDaily:: June . 9 .2015
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၄ ရက်မြောက်နေ့ ဇွန်လ ၉ ရက် မနက်အစောပိုင်း ၉ နာရီလောက်အထိ မြန်မာက ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၁၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၂ ခု ရနေပါတယ်။
မြန်မာအတွက် ရွှေတံဆိပ်ကိုတော့ ဒီမနက်ပိုင်းမှာ ကနူးလှေ အမျိုးသား မီတာ ၂၀၀ ပြိုင်ပွဲမှာ မောင်မောင်နဲ့ ၀င်းထိုက်အတွဲက ရခဲ့တာဖြစ်ပါတယ်။ မနေ့ ဇွန် ၈ ရက် ပြိုင်ပွဲတွေမှာတော့ ၀ူရှူးကစားနည်းမှာ စန္ဒီဦးက ရွှေတံဆိပ်၊ ဂျူဒို ၇၈ ကီလိုတန်းမှာ ခင်မျိုးသူက ရွှေတံဆိပ်ဆုတွေ နိုင်ငံအတွက် ရယူပေးခဲ့ပါတယ်။

နိုင်ငံအလိုက်ဇယားမှာတော့ စင်ကာပူက ရွှေ ၄၃ ခုနဲ့ ပထမ၊ ဗီယက်နမ်က ၂၇ ခုနဲ့ ဒုတိယ၊ ထိုင်းက ရွှေ ၂၅ ခုနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပြီး မြန်မာကတော့ နိုင်ငံအလိုက် အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။


DVB , 
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment