Pages

Pages - Menu

Sunday, June 28, 2015

လိုင်ဇာဘော်ဒါကျောင်းအနီး လက်နက်ကြီးကျရောက်မှု ကုလသမဂ္ဂသို့ အကြောင်းကြားစာပို့

RangonNewsDaily:: June . 27 .2015
ကေအိုင်အိုထိန်းချုပ် နယ်မြေ လိုင်ဇာမြို့အနီးရှိ ကျောင်းသား ကိုးရာခန့်တက်ရောက်နေ သည့် အလဲန်ဘွမ်ဘော်ဒါကျောင်း အနီးသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂသို့ အကြောင်းကြား စာပေးပို့ထားကြောင်း သတင်းရရှိ သည်။
ဇွန်လ ၂၅ ရက် ညနေက အလဲန်ဘွမ်ဘော်ဒါကျောင်းအနီး သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘာ့ကု လသမဂ္ဂအဖွဲ့ချုပ်ထံအကြောင်း ကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်း ကေအိုင်အိုထိန်းချုပ် နယ်မြေရှိ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ အ တွင်းရေးမှူး ဦးလရော်က ပြော သည်။
‘‘ထိမှန်ပြီး ဒဏ်ရာရတာ တော့ မရှိဘူး။ ဒါပေမဲ့ လက်နက် ကြီးစတွေက ကျောင်းဆရာတွေ နေတဲ့ အိမ်နဲ့ ကျောင်းသားတွေ နေအိမ်တွေမှာ ထိတယ်’’ဟု ဦးလရော်က ဆိုသည်။
::
အဆိုပါ ဘော်ဒါကျောင်း တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေ ၌ နေထိုင်သည့် ဆဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၉၀၀ ရှိကြောင်း သတင်းရရှိသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ဖက်ဘက်သို့ ပြစ်တင်ပြောဆို ဆောင်ရွက်ခြင်းပြုလုပ်မည်မဟုတ်သော်လည်း အရပ်သားပြည်သူများနှင့် သက်ဆိုင်လာသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဆက်သွယ်ပြောဆိုမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။
::
‘‘ရှေ့ဆက်သွားမယ့် ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ နှောင့်နှေးကြန့် ကြာသွားမှာကိုပဲ စိုးရိမ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
အစိုးရနှင့် ကေအိုင်အေတို့ကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
အထက်ပါအကြောင်းအရာ များနှင့် ပတ်သက်၍ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ ဇွန်လ ၂၆ ရက်ညနေက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
7Day Daily ::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment