Pages

Pages - Menu

Saturday, June 27, 2015

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အမျိုးသမီးတစ်ဦး အကူအညီမပါဘဲကလေးမွေးရာမှ သွေးလွန်သေဆုံး

RangonNewsDaily:: June . 26 .2015
မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ် ဦးတည်း ကလေးမီးဖွားရာမှ သွေး လွန်၍ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီးအဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက် ညနေက အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ၎င်း၏အခန်းအတွင်း က လေးမီးဖွားနေသည်ကို အဆောင် မှူးနှင့် အဆောင်သူများက တွေ့ ရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သွေးလွန်သေဆုံးသွားခြင်းဖြစ်ပြီး ကလေးမှာအသက်ရှင် ကျန်းမာ လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။
::
‘‘အဆောင်ကိုရောက်လာ တော့ ဗိုက်ပူနေတယ်ပြောတော့ ရေဖျဉ်းရောဂါလို့ပြောပြီး အ ဆောင်မှာနေနေတာ။ အဆောင် ဘက်ကပြောတာတော့ တစ် ယောက်တည်းမွေးတယ်။ ကလေးက တစ်ယောက်တည်းမွေးလို့ မရဘူးလေ။ ဆေးရုံရောက်မှ သွေးလွန်ပြီး သေတာဖြစ်တဲ့အ တွက် သေမှုသေခင်းဖွင့်ထား တယ်။ ကျန်တဲ့သူတွေကိုလည်း စစ်ဆေးမှာပါ’’ဟု အမှတ်(၉)နယ် မြေရဲတပ်ဖွဲ့စခန်းမှ အကြီးတန်းရဲ အရာရှိတစ်ဦးကပြောသည်။
::
သေဆုံးသည့်အမျိုးသမီး သည် လွန်ခဲ့သောနှစ်ပတ်ခန့်က အင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်ရန် မိတ္ထီလာမြို့မှအ ဆောင်သို့ရောက်ရှိလာခြင်းဖြစ် ပြီး ၎င်း၏သေဆုံးမှုကို မဟာ အောင်မြေမြို့မရဲတပ်ဖွဲ့စခန်း တွင် သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
::
သေဆုံးမှုနှင့်ပတ်သက်၍ အဆိုပါအဆောင်သို့ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အဆောင် တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းမရှိ ကြောင်း အဆောင်တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက် ကလည်း လားရှိုးမြို့ရှိ တရုတ်စာ သင်ကျောင်း ဘော်ဒါဆောင်တစ် ခုတွင်နေထိုင်သော အသက် (၁၇) နှစ်အရွယ် မအားလိန်သည် ခုနစ်လအရွယ်ရှိ ကိုယ်ဝန်ကို အဆောင်၏ အိမ်သာထဲ၌ ကိုယ် တိုင်မီးဖွားခဲ့ပြီးနောက် ကလေးကို ၀မ်းဗိုက်ဖောက်သတ်၍ အမှိုက် ပုံးအတွင်းသို့ စွန့်ပစ်ခဲ့မှုဖြင့် ၎င်း ကိုလူသတ်မှု၊ ကလေးစွန့် ပစ်မှု တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
7Day Daily ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment