Pages

Pages - Menu

Tuesday, May 12, 2015

စည်းကမ်းဖောက်ဖျက်မှုများကို ပြန်လည်ရှာဖွေနိုင်မည့် Chip များကို ယာဉ်မောင်းလိုင်စင်များတွင် ထည့်သွင်းမည်

RangonNewsDaily:: May . 12 .2015
ယာဉ်မောင်းလိုင်စင်တွင် ယာဉ်မောင်းသူ၏ ကိုယ်ရေးရာဇဝင်အပြင် စည်းကမ်းဖောက်ဖျက်မှုများကိုပါ ပြန်လည်ရှာဖွေနိုင်မည့် မှတ်ဉာဏ်ပါ Chip များကို ထည့်သွင်းမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။
ယာဉ်မောင်းလိုင်စင်အတု ဖန်တီး၍ မရနိုင်ရန်နှင့် ပြစ်မှုမှတ်တမ်းများကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
“ခုလောလောဆယ် လုပ်နေတယ်၊ မှတ်တမ်းတွေကို ကြည့်ပြီး အရေးယူလို့ရအောင်၊ စစ်လို့ရအောင်၊ အတုလုပ်လို့ မရအောင်ပေါ့။ စစ်ဖို့အတွက် Scanner လည်း လိုမှာပေါ့။ စီမံကိန်းကတော့ ရှိတယ်။ ဘယ်တော့ပြီးမလဲ ဆိုတာက ဘဏ္ဍာရေး အခြေအနေပေါ် မူတည်တယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။
::
၎င်းစနစ်အရ ယာဉ်မောင်း၏ ပြစ်မှုမှတ်တမ်း အများအပြားကို တွေ့မြင်နိုင်ပြီး ယာဉ်မောင်းကို ယာဉ်မောင်းခွင့် ပိတ်ပါက အများပြည်သူအတွက် ကောင်းမွန်နိုင်ကြောင်း တာမွေမြို့နယ်နေ NGO တစ်ခုတွင် လုပ်ကိုင်နေသူ ကိုအောင်သူက မှတ်ချက်ပေး ပြောဆိုသည်။ 
“စည်းကမ်းဖောက်တဲ့ မှတ်တမ်းအများကြီး ရှိရင် ပေးမမောင်းတာက ကောင်းတယ်” ဟု ၎င်းကဆိုသည်။
::
ယာဉ်မောင်းလိုင်စင်အတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရယူနိုင်သည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရန် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာနထံမှ သိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment