Pages

Pages - Menu

Sunday, May 17, 2015

ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအတွက် အထူးရဲနှင့် အထူးအရန်ရဲများ ခန့်အပ်မည်


RangonNewsDaily:: May . 17 .2015
ရွေးကောက်ပွဲကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီး တွင် လုံခြုံရေးဆောင်ရွက်နိုင်ရန် ရဲအင်အားလုံလောက်မှုမရှိသော ကြောင့် အထူးရဲနှင့် အထူးအရန် ရဲများ ခန့်အပ်ဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း မဲရုံများတွင် လုံခြုံရေးချ ထားရန် မဲရုံအရေအတွက်နှင့် ရဲ အင်အားမမျှ၍ ရဲအက်ဥပဒေ ၂၇ မှ ၃၀ အထိ လိုအပ်ချက်အရ ရဲအင်အားမလုံလောက်လျှင် အထူးရဲ ခန့်အပ်ခွင့်ရှိကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းဗိုလ်ကပြောကြားသည်။

‘‘လက်ရှိခေါ်မယ့် အထူးရဲနဲ့ အထူးအရန်ရဲတွေကိုလည်း ဘယ် လောက်ခေါ်မယ်၊ လစာဘယ် လောက်ပေးမယ် ဆိုတာတွေက ဆွေးနွေးတုန်းပါ။ ခန့်အပ်မယ့်သူ တွေကိုလည်း ရွေးကောက်ပွဲကာလအတွက်ခန့်မှာပါ’’ဟု ရဲမှူးကြီး ၀င်းဗိုလ်ကပြောသည်။

‘‘လုံခြုံရေးအရ လုပ်မယ်ဆို ရင်တော့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ မဲရုံစည်းကမ်းတွေအရတော့ ဒီမဲရုံထဲကို မဲပေးသူကလွဲပြီး ဘယ်သူမှ ၀င်ခွင့်မရှိပါဘူး။ အဲဒီတော့ မဲရုံစည်းကမ်းအတိုင်း လိုက် နာဆောင်ရွက်သွားမယ်ဆိုရင် တော့ ဘာမှပြောစရာမလိုပါဘူး’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက အထူးရဲနှင့် အရန်ရဲတပ်ဖွဲ့ဝင်များ ခန့်အပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း လက် ရှိ ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ခန့်သာရှိကြောင်း ရဲမှူး ကြီး ၀င်းဗိုလ်ကပြောသည်။
‘‘အခုလိုလုံခြုံရေး တိုးမြှင့် မယ်ဆိုတော့လည်း ကောင်းပါ တယ်။ ဘယ်ပါတီဝင်တွေပဲ နိုင် နိုင် ပြည်သူတွေ မဲကိုအေးအေး ဆေးဆေးပေးနိုင်ဖို့လိုပါတယ်။ မဲ လာထည့်ကြတဲ့ ပြည်သူတွေ လုံ ခြုံမှုရှိဖို့က အရေးကြီးပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးမြငွေက ပြောသည်။

အထူးရဲတပ်ဖွဲ့အတွင်း ၀င် ရောက်လိုသူများအနေဖြင့် အသက် (၁၈) နှစ်မှ အသက်(၅၀)နှစ် အတွင်း ကျန်းမာသန်စွမ်းသူဖြစ် ကာ အနိမ့်ဆုံးပညာအရည်အချင်း အဋ္ဌမတန်း အောင်မြင်ရမည်ဖြစ်ပြီး အင်အားမည်မျှခေါ်ယူမည်ကို ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။

အမေရိကန်သမ္မတအိုဘားမား ခရီးစဉ်တွင် လုံခြုံရေးတာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment