Pages

Pages - Menu

Thursday, May 14, 2015

မြို့နယ်ရဲတပ်ဖွဲ့မှူး အယောင်ဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို ဖုန်းငွေဖြည့်ခိုင်းသူကို စုံစမ်း

RangonNewsDaily:: May . 14 .2015
မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး အယောင်ဆောင်ကာ ဖုန်းငွေဖြည့်ကတ် ဖြည့်ခိုင်းနေသူ အမျိုးသားကို စုံစမ်းနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ရက် ၂၀ ကျော်ပြီ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီ ရဲမှူးဘယ်သူဆိုပြီး ဖုန်းထဲ ငွေဖြည့်ခိုင်းတာ။ အသံမှတ်မိနေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက မသင်္ကာလို့ ဘယ်နေ့က ဖုန်းငွေဖြည့်ခိုင်းကြောင်း ပြန်ပြောမှသိရတာ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းအောင်က ပြောကြားသည်။

အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့မှူး အယောင်ဆောင်ကာ ရပ်ကွက် အု
ပ်ချုပ်ရေးမှူးများထံ ဖုန်းငွေဖြည့်ကတ် ဖြည့်ခိုင်းသူ အမျိုးသားမှာ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၏ အမည်နှင့် ဖုန်းနံပါတ်များကို သိရှိထားသူ ဖြစ်ကြောင်း ဖုန်းငွေဖြည့်ကတ်ပို့ရန် အလိမ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံမှ သိရှိရသည်။
::
“ဖုန်းနံပါတ်သုံးခု ကိုင်ပြီး မြို့နယ်မှူး ပုံစံနဲ့ ငွေဖြည့်ခိုင်းတာ။ အဲဒီဖုန်းနံပါတ်တွေ ပြန်ခေါ်ရင် စကားမပြောဘဲ စက်ပိတ်လိုက်တာကြောင့် ဆက်သွယ်ရေး နည်းပညာနဲ့ ခြေရာခံလိုက်ပြီး ဒီလူကို စုံစမ်း ဖော်ထုတ်သွားမယ်” ဟု ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
::
မြို့နယ်ရဲတပ်ဖွဲ့မှူး အယောင်ဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံ ဖုန်းငွေ ဖြည့်ခိုင်းသူ အမျိုးသား ကိုင်ဆောင်ထား သည့် ဖုန်းနံပါတ်များမှာ ၀၉၂၆၂၆၈၁၂၇၇၊ ၀၉၂၆၀၉၃၃၆၂၇၊ ၀၉၄၂၃၆၇၂၄၀၂ တို့ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။


The Voice ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment