Pages

Pages - Menu

Thursday, May 28, 2015

ဆရာ၊ ဆရာမများ စာသင်ခန်းအတွင်း လက်ကိုင်ဖုန်း အသုံးပြုခြင်း ပိတ်ပင်

RangonNewsDaily:: May . 28 .2015
ယခု ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစတင်၍ ဆရာ၊ ဆရာမများအား စာသင်ခန်းအ တွင်း ဟန်းဖုန်းများ အသုံးပြုခြင်းကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအ တွင်း အခြေခံပညာကျောင်းများရှိ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။
ယခင်ပညာသင်နှစ်များက စာသင်ခန်းအတွင်းသို့ ဟန်းဖုန်းယူဆောင်ခွင့်ကို ကျောင်း သားများကိုသာ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ယခုပညာသင်နှစ်တွင်မူ ဆရာ၊ ဆရာမများကိုပါ ယူ ဆောင်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''ဆရာ၊ ဆရာမတွေရဲ့ ဆွဲခြင်းတို့၊ အိတ်ထဲတို့မှာ ထည့်ထားလို့တော့ရပါတယ်။ ခါတိုင်း တော့ ဒီလိုစည်းကမ်းမျိုး မရှိဘူး။ ဒီနှစ်က စမှာပါ''ဟု လသာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးစိုးမင်းက ပြောသည်။
::
စာသင်ခန်းအတွင်း ဟန်းဖုန်း ယူဆောင်ခွင့်ပိတ်ပင်ရခြင်းမှာ ဆရာ၊ ဆရာမများ စာသင်ကြားရာတွင် စိတ် အနှောင့်အယှက်မဖြစ်စေရန် ရည် ရွယ်တားမြစ်ထားခြင်းဖြစ်ပြီး ကျောင်း ပြင်ပတွင် အသုံးပြုခွင့်ပေးထားကြောင်း ကျောင်းအုပ်ကြီးများထံမှ သိရသည်။
''ဒီစည်းကမ်းချက်က ရှိကိုရှိသင့် ပါတယ်။ မဟုတ်ရင် ကလေးတွေက လဲ စာထဲမှာစိတ်မဝင်စားတော့ဘဲ ဂိမ်း ကိုပဲ ဆော့နေကြတော့မယ်။ ဆရာ တွေအနေနဲ့လဲ စာသင်ချိန်မှာ စာသင် ရင်း စိတ်အနှောင့်အယှက်ဖြစ်စေတာ ပေါ့''ဟု အင်းစိန်မြို့နယ်မှ အဋ္ဌမတန်း ကျောင်းသားမိခင်တစ်ဦးဖြစ်သူ မမြင့် မြင့်စိုးက ပြောသည်။
::
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရှိ အခြေခံပညာကျောင်းအများစုတွင် လည်း သက်ဆိုင်ရာမှ တရားဝင်ထုတ် ပြန်ချက် မရရှိသေးသော်လည်း ဆရာ၊ ဆရာမများအား စာသင်ခန်းအတွင်း လက်ကိုင်ဖုန်းအသုံးပြု၍ စကားပြော ပါက ကျောင်းသားများ သင်ကြားရေး အတွက် ထိခိုက်စေနိုင်သောကြောင့် သုံးစွဲခွင့်ပိတ်ပင်ထားကြောင်း ပြည် မြို့နယ်မှ အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဟန်၏ ပြောကြားချက်အရ သိရသည်။
::
''စာသင်ခန်းထဲကို ဖုန်းယူဆောင် ခွင့်မပေးတာတော့ မဟုတ်ပါဘူး။ အ သုံးပြုခွင့် မပေးတာပါ။ ဒါပေမဲ့ အ ရေးတကြီးကိစ္စတွေပေါ်လာရင် စက် ပိတ်ထားတဲ့အချိန်နဲ့တိုးနေရင် ဘယ် လိုလုပ်မလဲ။ Silent လုပ်ထားရင် တော် ပြီပေါ့''ဟု အခြေခံပညာအထက်တန်း ပြဆရာမတစ်ဦးက ဆိုသည်။
TheYangonTimes , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment