Pages

Pages - Menu

Saturday, May 23, 2015

(၇၂) နှစ်အရွယ် အဘွားအိုအား အဓမ္မပြုကျင့်ခဲ့ သူကို (၂၄) နာရီအတွင်း ဖမ်းမိ

RangonNewsDaily:: May . 23 .2015
ဒီပဲယင်းမြို့နယ်၊ ------------------ ရွာ လယ်စောင့်တဲတွင် နေထိုင်သည့် အသက် (၇၂) နှစ်အရွယ် အဘွားအို တစ်ဦးနှင့် (၁၄) နှစ်အရွယ်ရှိ မြေးဖြစ်သူ တို့အား ကြိုးနှင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့သည့် တရားခံ ဖြစ်သူအား သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့မှ (၂၄) နာရီ အတွင်း ဖမ်းဆီးနိုင် ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ ကြိုးတုပ် ရိုက်နှက်ပြီး အဓမ်္မ ပြုကျင့်ခဲ့မှုကြောင့် အဘွားအိုဖြစ်သူ ----------တွင် ဦးခေါင်း ယာဘက် ချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ၀ဲလက်ဖျံနှင့် ယာလက်ပြင်တို့တွင် ပွန်းပဲ့ဒဏ်ရာများဖြင့် သတိလစ် မေ့မြော သွားခဲ့သည့် အတွက် နီးစပ်ရာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရပြီး၊ အဓမ်္မပြုကျင့်၍ ခေါ် ဆောင်သွားခဲ့သည့် မြေးဖြစ်သူ အရွယ် မရောက်သေးသူအား ယခုလ(၁၉) ရက် နေ့ ညနေ(၆) နာရီအချိန်၌ ဒီပဲယင်းမြို့နယ်၊ -------------ကျေးရွာနှင့် --------------- ကျေးရွာ ကြားရှိ တောတန်းတွင် ပြစ်မှုကျူးလွန်သူ မောင်မှေးနှင့် အတူ တွေ့ရှိခဲ့ရပြီး တိမ်းရှောင် ထွက်ပြေးသွား ခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
::
ယင်းသို့ မြေးအဘွား နှစ်ဦးလုံးအား အဓမ္မပြုကျင့်ခဲ့သည့် မောင်းမှေး (၄၈) နှစ် အား ဒီပဲယင်းမြို့နယ် ရဲတပ်ဖွဲ့က (ပ) ၂၀/ ၂၀၁၅၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေရာတွင် တရားခံ မောင်မှေးအား ယခုလ (၂၀) ရက်နေ့ နံနက် (၅) နာရီ အချိန်တွင် -------------ရွာနှင့် ----------------------ရွာတောင်ဘက်ကြား ရှိ ------------ချောင်းအနီး၌ (၂၄) နာရီအတွင်း ဖမ်းဆီး ရမိ ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။
လင်းလင်းမောင်
The Messenger ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment