Pages

Pages - Menu

Saturday, May 9, 2015

ပါကစ္စတန် ရဟတ်ယာဉ်ပျက်ကျမှုတွင် နော်ဝေနှင့် ဖိလစ်ပိုင် သံအမတ်တို့ သေဆုံး


RangonNewsDaily:: May . 9 .2015
ပါကစ္စတန်မြောက်ပိုင်းရှိ စီမံကိန်းများစတင်ရာသို့ သံတမန်များကို တင်ဆောင်သွားသော ပါကစ္စတန်စစ်ဘက်လေယာဉ် တစ်စင်း မေ ၈ ရက်က ပျက်ကျခဲ့ရာ နော်ဝေနှင့် ဖိလစ်ပိုင်မှ သံအမတ်များနှင့် မလေးရှား၊ အင်ဒိုနီးရှားသံအမတ်တို့၏ ဇနီးများအပါအ၀င် လူခြောက်ဦးသေဆုံး ခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။
မတော်တဆမှုဖြစ်ပွားချိန်တွင် ၀န်ကြီးချုပ် နာဝပ်ရှရစ်ဖ်လည်း သီးခြားလေယာဉ်တစ်စီးဖြင့် စီမံကိန်းနှစ်ခုရှိရာသို့ ထွက်ခွာလာခဲ့သည်။ ၀န်ကြီးချုပ်မှာ အစ္စလမ္မာဘတ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ၄င်း၏ရုံးက ပြောကြားခဲ့သည်။ ပျက်ကျမှုတွင် နိုင်ငံခြားသား လေးဦးအပြင် ပိုင်းလော့နှစ် ဦးလည်း သေဆုံးခဲ့သည်ဟု စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် အာဆင်ဘက်ဂျဝါက ပြောသည်။ ပိုလန်နှင့် နယ်သာလန်သံအမတ်တို့မှာမူ ဒဏ်ရာသာရရှိခဲ့သည်။
-
MI-17 ရဟတ်ယာဉ်ပေါ်တွင် နိုင်ငံခြားသား ၁၁ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၆ ဦးတို့လိုက်ပါလာခဲ့ပြီး ဂီလ်ဂစ်ရှိ စာသင်ကျောင်းအတွင်းရှိ စာသင်ကျောင်း တစ်ခုအတွင်း ပျက်ကျသွားခဲ့ပြီး မီးလောင်ခဲ့သည်။


Mizzima ::--
KOLATT(PBDN)

RangonNewsDaily





No comments:

Post a Comment