Pages

Pages - Menu

Thursday, May 14, 2015

ဂျပန်အရှေ့မြောက်ပိုင်း ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၆.၈ ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်

RangonNewsDaily:: May . 14 .2015
မေလ ၁၃ ရက် နံနက်အစောပိုင်းက ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ဒေသကို ဦးတည်ပြီး ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။
ဂျပန် အာဏာပိုင်များက ငလျင်နှင့် ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု သတင်းပေးပို့ချက်များ မရရှိသေးကြောင်း ပြောကြားထားပြီး ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြေ မရှိကြောင်းလည်း အတည်ပြုခဲ့သည်။
::
အဆိုပါ ငလျင်သည် တိုကျိုစံတော်ချိန် နံနက် ၆း၁၂ နာရီတွင် ဟိုရှူးကျွန်း အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာ ကြမ်းပြင်အောက် အနက် ၃၈.၉ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ဂျပန်၏ မီးတောင်နှင့် ငလျင် စောင့်ကြည့်ရေး အေဂျင်စီက ရေအောက်ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်နိုင်ခြေ မရှိဟု ပြောကြားခဲ့သော်လည်း တောင်စောင်းများတွင် နေထိုင်သူများ အနေဖြင့် မြေပြိုကျနိုင်သည့် အခြေအနေ ရှိသောကြောင့် ဘေးလွတ်ရာသို့ ခေတ္တ တိမ်းရှောင်နေရန် တိုက်တွန်းခဲ့သည်။


Ref: Hindustanitimes,7day ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment