Pages

Pages - Menu

Thursday, May 28, 2015

မြန်မာသတင်းထောက်များအား လည်လှီးရန် ကျန်နေသေးကြောင်း နေမျိုးဝေ ပြောကြားချက်အပေါ် သတင်းသမားများ ဝေဖန်

RangonNewsDaily:: May . 28 .2015
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ သည် မြန်မာသတင်းထောက်များ အား လည်လှီးရန် ကျန်နေသေး ကြောင်း ပြောကြားချက်အပေါ် သတင်းထောက်များက ဝေဖန်ကြ သည်။
‘‘ဂျပန်သတင်းထောက်ကို လည်လှီးပြီးပြီ ဟုတ်သလားဟေ့။ အမေရိကန်သတင်းထောက်ကို လည်လှီးပြီးပြီ ဟုတ်သလားဟေ့။ မြန်မာသတင်းထောက်ကို လည် လှီးဖို့ပဲ ကျန်တော့တယ်ကွ’’ ဟု ဦးနေမျိုးဝေက နှစ်ကြိမ်တိုင်အော် ဟစ်၍ မေလ ၂၇ ရက်က ပြုလုပ် သည့် လှေစီးဒုက္ခသည်များအရေး ကန့်ကွက်ဆန္ဒပြသည့်ပွဲတွင် သ တင်းထောက်များအား ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
::
လှေစီးဒုက္ခသည်များအရေး ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဗဟန်းဗိုလ်စိန်မှန်ကွင်း၌ မပြုလုပ်မီ ဦးနေ မျိုးဝေက ဒီဗီဘီသတင်းဌာနမှ သတင်းတစ်ပုဒ်မှားနေသည်ဟု ဆိုကာ သတင်းနေရာမှားနေသည့် မြို့မှ ဆရာတော်တစ်ပါးကြွလာချိန်တွင် ယင်းဆရာတော်နှင့် တွေ့ဆုံပေးမည်ဟု ဒီဗီဘီ သတင်းထောက်များအား အသံချဲ့စက်ဖြင့် အော်ခေါ်ခဲ့သည်။
::
ထိုသို့ အသံချဲ့စက်ဖြင့် လှမ်း ခေါ်နေချိန်တွင် ဦးနေမျိုးဝေက မီဒီ ယာသမားများ သတင်းလိမ်နေ ကြောင်း ပြောဆိုပြီး မြန်မာသ တင်းထောက်များအား လည်လှီးရန် ကျန်နေသေးကြောင်း လှေစီးဒုက္ခသည်များအရေး ဆန္ဒပြမည့် လူထုနှင့် သတင်းထောက်များရှေ့ မှောက်တွင် ပြောခြင်းဖြစ်သည်။
::
‘‘အဓိကကတော့ မိမိအနေနဲ့ ကန့်ကွက်ရှုတ်ချတယ်။ ဒါကို ခွင့်ပြု တာဟာ အစိုးရမှာ တာဝန်ရှိ တယ်။ ပြောတဲ့သူက ပြောပေမယ့်ခွင့်ပြုတဲ့သူမှာ တာဝန်ရှိတယ်။ ပြောတဲ့သူက စည်းမဲ့ကမ်းမဲ့ပြော ပေမယ့် အစိုးရက ဘာကြောင့် ခွင့်ပြုရတာလဲ။ သူဟာ ဘယ်လိုလူ စားလဲဆိုတာ အားလုံးလည်း သိပါတယ်။ သူ့ကို ယုံကြည်ထောက်ခံ တဲ့သူတွေကလည်း ဘယ်လိုလူစားလဲဆိုတာ သိရတာပေါ့။ 
::
ဒီလို လည်လှီးမယ်ဆိုတဲ့ အသုံးအနှုန်း က အင်မတန်ရိုင်းစိုင်းတယ်။ လူ အများရှေ့မှာ မပြောရဘူး။ ပြောဆိုပိုင်ခွင့်လည်း မရှိဘူး။ အစိုးရအပေါ်မှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေအပေါ်မှာ တာဝန်ရှိတယ်။ အွန်လိုင်းပေါ်မှာလည်း ဒီလိုပဲပြောနေတာ။ အစိုးရက မနိုင်လို့ သူ့ကို လွှတ်ထားတာလား၊ ဒါမှ မဟုတ် အစိုးရအဖွဲ့တစ်ဖွဲ့နဲ့ ပါဝင်ပတ်သက်နေတာလားဆိုတာ စဉ်းစားစရာပဲ’’ဟု ဦးကျော်မင်းဆွေက ပြောသည်။ 
::
အထက်တွင် ပြောခဲ့သော စကားကိုပင် ဦးနေမျိုးဝေက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စာ သားဖြင့် ရေးသားဖော်ပြသကဲ့သို့ ဆယ့်သုံးစက္ကန့်စာ အဆိုပါပြောဆိုမှု ဗီဒီယိုဖိုင်ကိုပါ မေလ ၂၇ ရက် ညနေက တင်ထားသည်။
::
‘‘အဆင့်အတန်းမရှိတဲ့ သူ ပြောနေတာကို အဖက်လုပ်ပြီး ပြောမနေတာပဲ ကောင်းတယ်။ နေမျိုးဝေက ဘယ်လိုလူစားလဲဆို တာ အကုန်သိတယ်။ သူ့ကို ကြည့်မရလို့ သူ့ဖေ့စ်ဘွတ်ခ်ဘလော့ ထားတာ ၂၀၁၁ ကတည်းက ဒေါ်စုကိုလည်း ဓားနဲ့ခုတ်မယ် ဘာညာ သူတင်နေတာပဲ။ ဒါဟာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ ပြတာပဲ’’ဟု ဦးနေမျိုးဝေ ပြောကြားသည့် နေရာတွင် ရောက်ရှိနေသော EPA သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘိုက ပြောသည်။
7Day Daily , 
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment