Pages

Pages - Menu

Saturday, May 23, 2015

အလုံမြို့နယ်တွင် အုပ်စုဖွဲ့ခြိမ်းခြောက်လုယက်သူ ငါးဦးဖမ်းမိ


RangonNewsDaily:: May . 23 .2015
အလုံမြို့နယ်တွင် လူ ငယ်သုံးဦးအား အုပ်စုဖွဲ့ခြိမ်း ခြောက်လုယက်ခဲ့သူ ငါးဦးကို ကျူး လွန်သည့်နေ့၌ပင် ဖမ်းဆီးမိခဲ့ ကြောင်း အလုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

အလုံမြို့နယ်၊ အလုံလမ်း၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းရှေ့တွင် မေလ ၂၁ ရက် နံနက် ၃ နာရီက ရွှေတိဂုံစေတီသို့ သွားရန် လမ်းလျှောက် နေသော လူငယ်သုံးဦးကို အငှားယာဉ်တစ်စီးပေါ်မှ လူငါးဦးဆင်းလာကာ ဝိုင်းဝန်းထိုးကြိတ်ပြီး ကျောပိုးအိတ်တစ်လုံး လုယူထွက် ပြေးသွားခြင်း ဖြစ်သည်။

ကျောပိုးအိတ်ထဲတွင် ငွေ ကျပ်လေးသောင်းနှင့် ကျပ်ငါး သိန်းတန်ဖိုးရှိသည့် အိုင်ပက်တစ် လုံးပါရှိပြီး လုယက်မှုကျူးလွန်သူ များစီးနင်းလာသော အနီရောင် ချယ်ရီအငှားယာဉ်၏စီးတီးတက္က စီနံပါတ်ကို မှတ်မိ၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြား ခဲ့သည်။

အလုံမြို့မရဲစခန်းက အဆိုပါအငှားယာဉ်နှင့် လုယက်မှုကျူး လွန်ခဲ့သည့် ငါးဦးအဖွဲ့ကို စုံစမ်းပြီး မေလ ၂၁ ရက် ည ၁၀ နာရီတွင် ဖမ်းမိခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး တင်လှက ပြောသည်။
‘‘အလုခံရတဲ့ကောင်လေး တွေက စီးတီးတက္ကစီနံပါတ်ကို ခပ်ဝါးဝါးမှတ်မိလိုက်ကြတယ်။ အနီရောင်ချယ်ရီကားဆိုတာ သိ လိုက်တော့ အဲဒါနဲ့ ကားပိုင်ရှင်ကိုလိုက်ရှာရတာပေါ့။ မူလပိုင်ရှင် ကလည်း ရောင်းလိုက်ပြီတဲ့။ လက်ရှိပိုင်ရှင်ကို လိုက်ရတယ်။ ကား ပိုင်ရှင်ကလည်း ညအိပ် အိမ်ပေး ထားတာဆိုတော့ ဒရိုင်ဘာကို လိုက်ဖမ်းရတာပေါ့’’ဟု ဒုရဲမှူး တင်လှက ပြောသည်။
လုယက်မှုကျူးလွန်ခဲ့သူများသည် အသက်(၁၉)နှစ်အရွယ် သုံးဦး၊ (၂၃)နှစ်အရွယ်တစ်ဦးနှင့် အသက် (၃၇) နှစ်အရွယ် အငှား ယာဉ်မောင်းတို့ဖြစ်သည်။
‘‘အခု ဖမ်းမိတဲ့သူတွေကို စစ်ဆေးနေတုန်းပဲ။ အရင်တုန်းကအငှားယာဉ်တွေနဲ့ လုယက်မှုကျူးလွန်မှုတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိက တော့ မသိရသေးဘူး’’ဟု ဒုရဲမှူး တင်လှက ပြောသည်။

အငှားယာဉ်မောင်း ယောင် ဆောင်၍ သုံးနှစ်အတွင်း ခြိမ်း ခြောက်လုယက်မှု ခြောက်မှု ကျူး လွန်ခဲ့သူ နှစ်ဦးကို မေလ ဒုတိယပတ်က ဖမ်းမိခဲ့ပြီး အပေါင်းအပါတစ်ဦး လွတ်မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးမိသော လုယက်သူငါးဦးနှင့် သိမ်းဆည်းရမိသည့်ပစ္စည်းများ (ဓာတ်ပုံ − Yangon Police)
7Day Daily, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment