Pages

Pages - Menu

Tuesday, May 12, 2015

မီးတောင်ပေါက်၍ ဖြစ်လာနိုင်သည့် ဆူနာမီအန္တရာယ် မြန်မာ ကြိုပြင်


RangonNewsDaily:: May . 12 .2015
မြန်မာ့ကမ်းရိုးတန်းနှင့်နီးစပ်လျက်ရှိသော ကပ္ပလီပင်လယ်အတွင်းရှိ ဘာရန်ကျွန်း (Barren Island) မီးတောင် ပေါက်ကွဲ ပါက မြန်မာ့ကမ်းရိုးတန်းဒေသများတွင် ဆူနာမီဖြစ်ပွား နိုင်ခြေရှိ၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြော သည်။
“ဆူနာမီကတော့ ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့။ ဒါပေမယ့် ကြိုတင်သတိရှိဖို့လိုပါတယ်။ သူက ဘယ် လို ပုံစံ ပေါက်မယ်ဆိုတာ မသိဘူး။ အင်ဒိုနီးရှားလို ပုံစံမျိုးဆိုရင်တော့ မြူခိုးတွေဘာတွေလွှမ်းနေမယ်။အနည်းဆုံး တော့ တပတ် တော့လေထု ညစ်ညမ်းသွားမယ်။ အဲလိုတော့ခန့်မှန်းထားတာပေါ့။ ပေါက်ပြီဆိုရင် နာရီဝက် တနာရီလောက်တော့ သတိ ထား သင့်တယ်။
::
ပြင်းအားကတော့ မပြောတတ်ဘူး။ ဆူနာမီ ဖြစ်လာရင် ကမ်းရိုးတန်းမှာနေတဲ့ လူတွေ သဘာဝ ဘေး အန္တရာယ် ရေတွေ လွတ်နိုင်တဲ့ နေရာ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုတင်လုပ်ဆောင်သင့်တယ်။ ယာယီတဲ တွေဆောက်ဖို့ လည်း လိုအပ်တယ်။ ဆောက်တဲ့ ယာယီတဲတွေကလည်း ဆူနာမီ လေဒဏ်ခံနိုင်ဖို့ လုပ်ဖို့လိုပါတယ်။ ကမ်းရိုးတန်း မှာ ဆူနာမီ ကြိုတင်ကာကွယ်ဖို့ လုပ်နေပါတယ်” ဟု ဦးကျော်မိုးဦးက ဆိုသည်။
::
ဘာရန်ကျွန်းမီးတောင်၏ လက်ရှိအခြေအနေတွင် ချော်ရည်များမှုတ်ထုတ်နေသည်ဟု နိုင်ငံတကာ သဘာဝဘေး ကြိုတင် ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံငလျင်ပညာရှင် ဒေါက်တာ စိုးမြင့်က ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲပြီး ဆူနာမီ ဖြစ်ပါက တနင်္သာရီတိုင်း နှင့်
ဧရာဝတီတိုင်း ဘက်သို့ အနည်းငယ်ရိုက်ခတ်နိုင် ကြောင်း၊ ကမ်းခြေဒေသတွင် ကြိုတင်ကာကွယ်မှုများပြုလုပ်သင့်ပြီး မီးတောင်ပေါက်ကွဲပါက လေထုညစ်ညမ်းမှုဖြစ်ပွားနိုင်ကြောင်း၊ ဆူနာမီ ငလျင် ဖြစ်နိုင်မှု ကို မည်သူမှ မခန့်မှန်း နိုင်ကြောင်း ဧရာဝတီသို့ပြောသည်။
::
မီးတောင်တည်ရှိရာ ဘာရင်ကျွန်းသည် ကပ္ပလီကျွန်းစုအတွင်းရှိ အိန္ဒိယနိုင်ငံကပိုင်ဆိုင်သော ကျွန်းဖြစ် ပြီး ကပ္ပလီကျွန်းစု တွင်ပါဝင်သော Port Blair မြို့၏ အရှေ့မြောက်ဖက် ၁၃၅ ကီလိုမီတာအကွာမှာတည်ရှိကြောင်း၊ ဆူမတြားကျွန်းနှင့် မြန်မာ နိုင်ငံ အကြားတည်ရှိနေသော မီးတောင်အစွယ်တန်း (Volanic arc) တွင် တခုတည်းသော မီးတောင်ရှင် တခုဖြစ်ကြောင်း၊ မြေအောက်အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုး ထွက် နေသော မီးတောင်ရှင် ဖြစ် ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်ထံမှ သိရှိရသည်။
၂၀၀၅ ခုနှစ်အတွင်းက ရိုက်ကူးထားသော ဘာရန်ကျွန်းမီးတောင်ပုံ (ဓာတ်ပုံ –volcano.si.edu)
ဧရာဝတီ ::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment