Pages

Pages - Menu

Tuesday, May 5, 2015

ဟောင်အင်းဂရီလာ မြန်မာစင်တာ လူနေခန်းများ ယခုလတွင် စတင်ရောင်းမည်


RangonNewsDaily:::- 1 : May :- 2015
ရင်းနှီးမြှုပ်နှံမှုများပြား သော စီမံကိန်း တစ်ခုဖြစ်သည့် ဟောင်အင်းဂရီလာမြန်မာ စင် တာမှာ ၂၀၁၇ တွင် ပြီးစီးမည်ဖြစ် ပြီး အဆင့်မြင့်လူနေမှုအခန်းများ ရောင်းချခြင်းကို ယခုမေလတွင် စတင်မည်ဖြစ်ကြောင်း ဟောင် အင်းဂရီလာမြန်မာစင်တာ၏ အမှုဆောင်အရာရှိချုပ် ဗိုသရောင်စွန်က ပြောကြားသည်။
ကမ္ဘာအေးဘုရားလမ်းပေါ် ရှိ ယခင်စက်မှု(၁)ဝန်ကြီးဌာနပိုင် မြေနေရာတွင် ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရင်းနှီးမြှုပ်နှံ၍ အဆင့် မြင့်လူနေခန်းများ၊ ဈေးဝယ်စင် တာ၊ ဟိုတယ်နှင့် ရုံးခန်းများပါဝင် သည့် စီမံကိန်းဖြစ်သည်။ ရန်ကုန် တွင် အကောင်အထည်ဖော်နေ သည့် အဆိုပါစီမံကိန်းမှာ ရန်ကုန် ၌ အကြီးဆုံးစီမံကိန်းနှင့် အစော ဆုံးပြီးစီးမည့်စီမံကိန်းတစ်ခုဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဗီယက်နမ်အခြေစိုက်ဟောင်အင်းဂရီလာကုမ္ပဏီ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ယင်းစီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲခြားထားပြီး အပိုင်း(၁) ကို ၂၀၁၅ တွင် ပြီးစီးမည်ဖြစ်ပြီး အပိုင်း (၂)ကို ၂၀၁၇ တွင် ပြီးစီးမည်ဖြစ်သည်။
အပိုင်း(၁)တွင် လူနေအိမ် ခန်း ၂၀၀ ကျော်၊ ရုံးခန်းအဖြစ် အသုံးပြုနိုင်မည့် တာဝါ နှစ်ခု၊ အခန်းပေါင်း ၄၀၀ ကျော် ပါဝင် သော ဈေးဝယ်စင်တာနှင့် အခန်း ပေါင်း ၄၄၀ ရှိသည့် ကြယ်ငါးပွင့် ဟိုတယ်တို့ပါဝင်မည်ဖြစ်သည်။
::
အပိုင်း(၁)အတွက် လူနေ အိမ်ခန်းများရောင်းချခြင်းကို မေလတွင် စတင်မည်ဖြစ်ပြီး ရုံးခန်း၊ ဈေးဝယ်စင်တာများငှားရမ်းခြင်းကို ဇွန်လတွင် စတင်မည်ဖြစ် သည်။ ဟိုတယ်ကိုလည်း ဇွန်လ တွင် စတင်ဖွင့်လှစ်လည်ပတ်မည် ဖြစ်သည်။

ကြယ်ငါးပွင့်ဟိုတယ်ကို စီမံ ခန့်ခွဲရန် အာဆီယံနိုင်ငံများတွင် ဟိုတယ်များ ဖွင့်လှစ်ရင်းနှီးမြှုပ်နှံ ထားသည့် Melia hotel interna-tional အုပ်စုနှင့် သဘောတူညီမှု လက်မှတ်ကို မေလ ၃၀ ရက်က ရေးထိုးလိုက်သည်။
::
အဆိုပါ ကုမ္ပဏီက စပိန် နိုင်ငံအခြေစိုက်ဖြစ်ပြီး ဗီယက်နမ် နှင့် အင်ဒိုနီးရှား နိုင်ငံများတွင် ၎င်းတို့ဟိုတယ်များဖွင့်လှစ်ထား သည်။
၂၀၁၇ တွင် ပြီးစီးမည့် အပိုင်း(၂)တွင်မူ ဟိုတယ်ပါဝင်မည်မဟုတ်ဘဲ လူနေအိမ်ရာရုံးခန်းနှင့် ဈေးဝယ်စင်တာများသာ ပါဝင်မည်ဖြစ်သည်။
::
ပြီးခဲ့သည့်လက အဆိုပါ စီမံကိန်းကို ဟောင်အင်းဂရီလာ ကုမ္ပဏီက စင်ကာပူ အခြေစိုက် Rowsley ကုမ္ပဏီနှင့်ပူးပေါင်းရန် ကနဦး သဘောတူညီခဲ့သော် လည်း မြန်မာနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံကြား အခွန်ပေးဆောင်ရမည့် နှုန်းထား မတူညီမှုများကြောင့် Rowsley ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ မည့်အစီအစဉ်ကို ဖျက်သိမ်းထား သည်။

ထပ်မံပြီး ဟောင်အင်းဂရီ လာနှင့်ပူးပေါင်းရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီတစ်ခု ရှာဖွေနေပြီး လတ် တလော မလိုအပ်သေးကြောင်း အမှုဆောင် အရာရှိချုပ်က ဆိုသည်။

ရန်ကုန်မြို့တွင် မကြာမီစတင် မည့် စတော့အိတ်ချိန်းဈေးကွက် တွင်လည်း ဟောင်အင်းဂရီလာ ကုမ္ပဏီက ဝင်ရောက်ရန်ပြင်ဆင် နေပြီး နိုင်ငံခြားကုမ္ပဏီများ စတင်ခွင့်ပြုပါက ဝင်ရောက်မည်ဟုဆို သည်။
::
စီမံကိန်းအကောင်အထည် ဖော်နေသည့် မြေနေရာကို စက်မှု ဝန်ကြီးဌာနက ၂၀၁၂ တွင် လွှဲ ပြောင်းရယူခဲ့ပြီး လုပ်ငန်းဆောင် ရွက်ခြင်းကို ၂၀၁၃ ၌ စတင် နိုင်ခဲ့သည်။ လုပ်ငန်း ကာလကို ခြောက်နှစ်မှ ခုနစ်နှစ်အထိ ကြာ မြင့်မည်ဟု ခန့်မှန်းထားပြီး သတ်မှတ်အချိန်ထက်စော၍ ပြီးစီးနိုင် ကြောင်း ဟောင်အင်းဂရီလာက ဆိုသည်။

ယင်းစီမံကိန်း ပြီးစီးပါက အင်းလျားကန်ကို ကာမိုးထားသကဲ့သို့ ဖြစ်နိုင်သောကြောင့် ကမ္ဘာအေးဘုရားလမ်းရှိ အနီးတစ်ဝိုက်မှ လူနေရပ်ကွက်များတွင် သန့်ရှင်းသော လေကောင်းလေသန့်မရရှိနိုင်တော့ဘဲ အင်းလျားကန်၏မြင်ကွင်းပါ ပျောက်ကွယ်သွားနိုင်ကြောင်း မြို့ပြပညာရှင်များက သတိပေး ပြောကြားထားသည်။
::
ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဟောင်အင်းဂရီလာ စီမံကိန်း၏ အမြင့်ပေသတ်မှတ်ချက်ကို လက် ရှိအချိန်ထိ ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးဆဲသာဖြစ်ပြီး စည်ပင်၏ သတ်မှတ်ချက်ထက် ကျော်လွန်တည် ဆောက်ခဲ့သောကြောင့် အချို့နေရာများကို ပြန်လည်ပြင်ဆင်တည်ဆောက်ခိုင်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက 7Day Daily အား ပြောကြားထားသည်။

7Day DAILY ::-- 
KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment