Pages

Pages - Menu

Saturday, May 9, 2015

၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်း တို့တွေ့ဆုံ


RangonNewsDaily:: May . 9 .2015
ဗီယက်နမ် နိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များတွင် မြန်မာအသင်းက သြစတြေးလျ ယူ-၂၀ အသင်းကို (၁-၀) ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ထိုင်းအသင်းက အိမ်ရှင် ဗီယက်နမ်အသင်းကို အချိန်ပိုကစားကာ (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းနှင့် မြန်မာတို့ ဗိုလ်လုပွဲသို့ ရောက်ရှိသွား ခဲ့ခြင်းဖြစ်သည်။

မေလ ၁၀ ရက်၊ ည ၆း၃၀ အချိန်တွင် ပြုလုပ်မည့် ၎င်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ခက်ခဲသည့် ပြိုင်ဘက် ထိုင်းအသင်း နှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး အနိုင်ရရှိခဲ့မည်ဆိုလျှင် ၂၀၀၇ ခုနှစ်နောက်ပိုင်း (၈) နှစ်ကြာ ဝေးကွာနေခဲ့သည့် ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်မည်ဖြစ်သည်။

"အခု ကျွန်မတို့ ဗိုလ်လုပွဲကိုရောက်ပြီ။ ဘယ်အသင်းနဲ့တွေ့ရသည်ဖြစ်စေ ပြဿနာ မရှိပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုဖလားကို ရဖို့ပဲလေ။ အဲဒီတော့ ဘယ်အသင်းကိုမဆို အနိုင်ကစားသွားမှာပါ" ဟု မြန်မာလက်ရွေးစင် အမျိုးသမီး အသင်းနည်းပြ ဒေါ်သက်သက်ဝင်းက ပြောသည်။

မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအသင်းတို့သည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွင်လည်း ရင်ဆိုင်ခဲ့ဖူးပြီး အိန္ဒိယအမျိုးသမီးဒိုင်လူကြီး၏ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များနှင့် ပွဲချိန်အတွင်းနှင့် အချိန်ပိုများတွင် သရေကျခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်တွင်မှ မြန်မာက ထိုင်းကို ရှုံးနိမ့်ခဲ့ဖူးသည်။

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်တွင် ဗိုလ်လုပွဲသို့ (၅) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုကို ပြန်လည်ရယူရန် အခွင့်အရေး ရှိနေပြီဖြစ်သည်။

Mizzima News , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment