Pages

Pages - Menu

Monday, May 25, 2015

စိတ်ဖိစီးမှုတွေ နဲ့ စိတ်ပူပန်မှု တွေဟာ အသည်းရောဂါ အမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်


RangonNewsDaily:: May . 25 .2015
စိတ်ဖိစီးမှုတွေ နဲ့ စိတ်ပူပန်မှု တွေဟာ သင့်ကို စောစောစီးစီး အနိစ္စရောက်စေနိုင်တယ်လို့ လေ့လာမှု အသစ် တစ်ခုက သတိပေးလိုက်ပါတယ်။သုတေသီတွေရှာဖွေတွေ့ရှိခဲ့ကြတာကတော့ စိတ်အားငယ်ခြင်း နဲ့ သောက များခြင်းတို့ဟာ အသည်းရောဂါအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပြီး သတ်မှတ်ချိန်ထက် စောပြီး ကွယ်လွန်ဖို့ လမ်းစကို မြှင့်တင်ပေးနိုင်ပါတယ်။
အခုလိုမျိုး စိတ်ဖိစီးမှုတွေ ၊ စိတ်ပူပန်မှုတွေနဲ့ အသည်းရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကိုတော့ အခုမှ ပထမဆုံး အကြိမ် သိရှိခဲ့ကြတာပါ။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရတော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဟာ လူတွေကို နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေတယ်လို့ပဲ သိထားခဲ့ကြတာပါ။

အခုတစ်ကြိမ်မှာ ထပ်မံ သိရှိခဲ့ကြတာကတော့ အ၀လွန်ခြင်း နဲ့ သွေးဖိအား တိုးခြင်းတို့လိုမျိုး နှလုံးသွေးကြောကျဉ်း ရောဂါ ကိုလည်း ဖြစ်ပွားစေနိုင်ပြီး ထို နှလုံးသွေးကြောကျဉ်း ရောဂါ ဟာလည်း ပုံမှန် ဖြစ်နေကြ အသည်း ရောဂါ တစ်မျိုး နဲ့ ဆက်စပ်နေပါတယ်။ ထို အသည်းရောဂါကိုတော့ အရက်ကြောင့်မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါ လို့လူသိများကြပါတယ်။
အဲဒီလို အသည်းမှာ အဆီဖုံးခြင်းဟာ အသည်းကို ယောင်ယမ်း ကာ အနာများ ဖြစ်ပေါ်စေပြီးတဲ့နောက် အသည်းရဲ့ အလုပ်လုပ်ဆောင်မှု တွေကို ရပ်နားလိုက်ပါတယ်။


ဒါကြောင့်မို့လို့ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပူပန်မှုတွေဟာ တိုက်ရိုက်မဟုတ်တဲ့ နည်းလမ်းနဲ့ အသည်းရောဂါကြောင့် သေဆုံးခြင်း ကို ဖြစ်စေနိုင်တာဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။


Edinburgh တက္ကသိုလ်က Dr Tom Russ ဆိုသူနဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ လူဦးရေ ၁၆၅၀၀၀ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။ ၁၀ နှစ်ကြာတဲ့အခါမှာ ဘယ်သူတွေဘာကြောင့် သေသွားတယ်ဆိုတာကိုလည်း စစ်တမ်း ကောက်ယူခဲ့ပြန်ပါတယ်။


အဲဒီအခါမှာတော့ စိတ်ဖိစီးမှု နည်းတဲ့ လူတစ်ချို့က အရက်သောက်သုံးခြင်းကြောင့် ၊ တစ်ချို့က အ၀လွန်ခြင်းကြောင့် ၊ တစ်ချို့က ဆီးချို ၊သွေးချို ရောဂါ တွေကြောင့် သေဆုံးသွားကြပြီး စိတ်ဖိစီးမှု အများဆုံး ရှိခဲ့တဲ့ ပုဂ္ဂိုလ် တွေကတော့ အသည်းရောဂါ ကြောင့် သေဆုံးသွားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

KOLATT(PBDN)

RangonNewsDaily








No comments:

Post a Comment