Pages

Pages - Menu

Thursday, May 7, 2015

ပက်ကွီအိုနဲ့ တစ်နှစ်အတွင်း နောက်တစ်ပွဲထပ်ထိုးဦးမယ်လို့ပြောတဲ့ မေဝဲလ်သာ


RangonNewsDaily:: May . 7 .2015
မေလ ၂ ရက်နေ့က ထိုးသတ်ခဲ့တဲ့ စိန်ခေါ်ပွဲမှာ ပက်ကွီအိုကို ဒိုင်များရဲ့ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့သူ မေဝဲလ်သာက တစ်နှစ်အတွင်း သူတို့နှစ်ဦး စိန်ခေါ်ပွဲနောက်ထပ်တစ်ပွဲ ပြန်လည်ထိုးသတ်မယ်လို့ သဘောတူလိုက်ပါတယ်။ လက်ရှိမှာ ပက်ကွီအိုဟာ ဒဏ်ရာကုသမှုခံယူနေရပြီး အဲဒီဒဏ်ရာပျောက်သွားတာနဲ့ ပက်ကွီအိုနဲ့ နောက်တစ်ပွဲထိုးမှာဖြစ်ကြောင်း မေဝဲလ်သာက ပြောခဲ့တာဖြစ်ပါတယ်။

‘‘ သူ့ရဲ့ဒဏ်ရာပျောက်သွားပြီဆိုတာနဲ့ တစ်နှစ်အတွင်း ကျွန်တော့်တို့နောက်တစ်ပွဲ ထပ်ထိုးသွားပါမယ်’’ လို့မေဝဲလ်သာက သတင်းထောက်ဆီကိုမက်ဆေ့ပို့ပြီး အတည်ပြုခဲ့တာဖြစ်ကြောင်း အမေရိကန်သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။ မေလ ၂ ရက်နေ့က ထိုးသတ်ခဲ့တဲ့ပွဲမှာတော့ ပက်ကွီအိုက အသာစီးထိုးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ မေဝဲလ်သာက အမှတ်နဲ့အနိုင်ရသွားခဲ့တာကို မကျေနပ်တဲ့ ပရိသတ်တွေ ရှိနေပါတယ်။ ပက်ကွီအိုနဲ့ ဒီတစ်ကြိမ်ပြန်ထိုးပြီးရင် လက်ဝှေ့သမားဘဝကနေ မေဝဲလ်သာအနားယူဖွယ် ရှိပါတယ်။

ပက်ကွီအိုကတော့ မေလ ၂ ရက်နေ့က ထိုးခဲ့တဲ့ပွဲမှာ ဒဏ်ရာရနေတာကို ထိန်ချန်ထားခဲ့လို့ ဆိုပြီး တရားစွဲခြင်း ခံထားရပါတယ်။
Ref - mirror, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment