Pages

Pages - Menu

Friday, May 1, 2015

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်သွယ်သည့် ထိုင်းမီးရထားလမ်း ကွန်ရက် တည်ဆောက်ရေး ဂျပန်ပူးပေါင်းမည်

RangonNewsDaily:: May . 1 .2015
ထိုင်းနိုင်ငံ အရှေ့နှင့် အနောက် ဆက်သွယ် ပေးသည့် ထိုင်းမီးရထားလမ်းကွန်ရက်တည်ဆောက်ရန် ဂျပန် နိုင်ငံ က ပူးပေါင်း ပါဝင်လျက်ရှိကြောင်း ထိုင်းပို့ဆောင်ရေး ဒုတိယဝန်ကြီး Arkhom Termpittayapaisith က ဧပြီ ၃ဝရက်က ဘန်ကောက်ပို့စ် သို့ ပြောသည်။
ထိုင်း မီးရထားလမ်းကွန်ရက် တည်ဆောက်ရန် ဂျပန်အစိုးရ၏ နည်းပညာနှင့် အရင်းအနှီးလိုအပ် သဖြင့် ဂျပန်မြေယာ၊ အခြေခံအ ဆောက် အအုံနှင့် ခရီးသွားလုပ် ငန်းဝန်ကြီး Hiroshi Muto နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုင်း အရှေ့နှင့် အနောက်ဆက်သွယ် ပေးမည့် မီးရထားလမ်းကွန်ရက်ကို ဂျပန်က လေ့လာစမ်းသပ်မှုများပြု လုပ်ရန် သဘောတူညီမှုရခဲ့ကြောင်း Arkhom Termpittayapaisith က ဆိုသည်။

ထိုင်းမီးရထားဝန်ကြီးဌာနက ချိတ်ဆက်မည့် Tak ခရိုင် မဲဆောက် နှင့် Mukdahan ကို ဆက်သွယ်ပေးမည့် မီးရထားလမ်းသစ် စီမံကိန်းကို တစ် စိတ်တစ်ပိုင်းလေ့လာစမ်းစစ်မှုများ ပြုလုပ်လျက်ရှိပြီး ထိုင်းမီးရထား လမ်းကျွမ်းကျင်ပညာရှင်များကိုလည်း ဂျပန်သို့ စေလွှတ်၍ မီးရထားလမ်း ကွန်ရက် နည်းပညာလေ့လာရေး စေလွှတ်ရန် ထိုင်းနှင့်ဂျပန် သဘော တူညီမှုရရှိကြောင်း သိရသည်။

ဂျပန်က ဘန်ကောက် - ချင်း မိုင် ဆက်သွယ်ပေးမည့် ကီလိုမီတာ ၆၇၀ အရှည်ရှိသော မြန်နှုန်းမြင့် မီးရထား လမ်းဖောက်လုပ်ရန်နှင့် ကီလိုမီတာ ၅၇၄ အရှည်ရှိသော Kanchanaburi-Bangkok-Aranyaprathet-Laem Chabang နှစ်ထပ်မီးရထား ပတ်လမ်း တို့တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ပြီးကြောင်း၊ မြန်နှုန်းမြင့် မီးရထားမှာ တစ်နာရီ လျှင် ကီလိုမီတာ ၃၀ဝအထိမောင်း နှင်နိုင် မည်ဖြစ်ကြောင်း Arkhom Termpittayapaisith ကပြောသည်။

ထိုင်းအရှေ့နှင့် အနောက် စီးပွားရေးစင်္ကြံ ရထားလမ်းနှင့် ထိုင်း-မြန်မာ ပူးပေါင်းအကောင်အ ထည်ဖော်ဆောင်နေသည့် ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းနှင့် ထိုင်းအရှေ့ဘက် Laem Chabang ရေနက် ဆိပ်ကမ်းကို ဆက်သွယ်ပေး မည့် ရထားလမ်းသစ် ကိုလည်း ဂျပန်နှင့် ပူးပေါင်းဆောင် ရွက် မည်ဖြစ်ကြောင်း သိရသည်။ ထိုအတောအတွင်း၌ ထိုင်းနှင့် တရုတ်ကူ မင်း ကိုဆက် သွယ် ပေးမည့် နှစ်ထပ်မီးရထားစီမံကိန်း ကို လာမည့်စက်တင် ဘာတွင် စတင်နိုင် မည် ဖြစ်သည်။

NA(Myitmakha)
Democracytoday , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment