Pages

Pages - Menu

Saturday, May 9, 2015

မြန်မာ-ဘင်္ဂလာဒေရှ့်ပူးပေါင်းအဖွဲ့ နယ်စပ် တိုင်းတာမှု ပြုလုပ်

RangonNewsDaily:: May . 9 .2015
မြန်မာ- ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံ နယ်စပ်ကို နှစ်ဘက် အရာရှိများ ပူးပေါင်းတိုင်းတာမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ဘင်္ဂလာဒေရှ့်မှ နယ်စပ် မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မူဟာမတ် အာဘူခိုင်ယာ (Mohammad Abul Khair) ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးပါဝင်သော မြေတိုင်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး မြန်မာ အရာရှိများနှင့် အတူ နယ်စပ် တိုင်းတာမှုများကို ပြုလုပ်ခဲ့သည်။
“ သူတို့က မြန်မာဘက်က နယ်စပ်ပွိုင့်တွေကို လေးရက်တိတိ တိုင်းတာခဲ့ပါတယ်။ မေလ ၇ ရက်နေ့က ဘင်္ဂလာဒေရှ့်ကို ပြန်သွားပြီး မြန်မာဘက်က အဖွဲ့တစ်ခုလည်း ဆက်လက်တိုင်းတာမှုတွေ ပြုလုပ်ဖို့ ဘင်္ဂလာဒေရှ့်ကို ထွက်ခွာသွားပါတယ်” ဟု မြန်မာ အရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာ မြေတိုင်း ဦးစီးဌာနမှ နယ်စပ်တိုင်းတာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူး ဦးထွန်း ဦးဆောင်သောအဖွဲ့ဝင် ၁၁ ဦးပါ အဖွဲ့တစ်ခုသည်လည်း ဘင်္ဂလာဒေရှ့်နိုင်ငံ ကော့စ်ဘဇားမြို့သို့ မေလ ၇ ရက်နေ့က ရောက်ရှိလာသည်ဟု သိရသည်။
-
အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေရှ့် မြေတိုင်းအဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ် တိုင်းတာမှုများကို မေလ ၁၁ ရက်နေ့ထိ (၄) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဟု ဘင်္ဂလာဒေရှ့် အရာရှိများက ပြောသည်။

နိရဉ္စရာ ::--
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment