Pages

Pages - Menu

Friday, May 1, 2015

နီပေါငလျင်အပြီးငါးရက်အကြာတွင် ဆယ်ကျော်သက်ကလေးကို ကယ်တင်နိုင် သေဆုံးသူ ၅၅ဝဝ နီးပါးရှိချိန်တွင်အကူအညီပေးမှုများနှောင့်နှေးနေဟု ကုလသတိပေး


RangonNewsDaily:: May . 1 .2015
နီပေါငလျင်လှုပ်ခတ်အပြီး ငါး ရက်အကြာတွင် မြို့တော်ခေတ္တမန္ဒူ ရှိ အဆောက်အအုံအပျက်အစီးများ ကြားမှ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးကို ကယ် ဆယ်ရေးသမားများက ဆွဲထုတ်နိုင် ခဲ့သည်။ မည်သူမည်ဝါမှန်း မသိ ရသည့် အဆိုပါကလေးငယ်ကို လူနာတင်ထမ်းစင်ဖြင့်သယ်ဆောင် လာချိန်၌ ပတ်ဝန်းကျင်မှလူစုလူဝေး က ဝိုင်းဝန်းအော်ဟစ်အားပေးခဲ့ကြ သည်။
ကယ်ဆယ်ရေးလုပ်ငန်း မဆောင်ရွက်မီ ကလေးငယ်သည် အပျက်အစီးပုံများအောက်တွင် နက် ရှိုင်းသည့်နေရာ၌ ရောက်ရှိနေခြင်း မဟုတ်သော်လည်း ပြိုကျသည့် အဆောက်အအုံ၏ကြမ်းခင်းနှစ်ချပ် ကြားတွင် ပိတ်မိနေခြင်းဖြစ်သည် ဟု USAID သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့အကြီးအကဲ အင်ဒရူးအိုဗီရာက ပြောသည်။

နီပေါငလျင်လှုပ်ခတ်မှုတွင် မြေ ပြိုကျမှုများဖြစ်ပွားခြင်းကြောင့် အဆက်အသွယ်ပြတ်နေသည့် ဝေး လံသောဒေသမှ ရပ်ရွာအသိုင်း အဝိုင်းများထံသို့ စားနပ်ရိက္ခာနှင့် အခြားအထောက်အပံ့များရောက်ရှိ ရန် အချိန်ယူရလိမ့်မည်ဟု ကုလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က သတိပေးပြောကြားသည်။

ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ အမိုးအကာများ၊ ရွက်ဖျင်တဲများ၊ ရေနှင့်သန့်ရှင်းရေးပစ္စည်းများ၊ စား နပ်ရိက္ခာများအပါအဝင် ကယ်ဆယ် ရေးအထောက်အပံ့များနှင့် လူအင် အားများ၊ ရဟတ်ယာဉ်များ ပိုမို လိုအပ်လျက်ရှိသည်မှာ အမှန်ပင် ဖြစ်ကြောင်း ကယ်ဆယ်ရေးအကူ အညီများ လေကြောင်းမှပေးအပ်မှု တွင် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း သူကပြောသည်။

နီပေါငလျင်လှုပ်ခတ်မှုကြောင့် နီပေါနိုင်ငံသား ရှစ်သန်းကျော် ငလျင်ဒဏ်ခံခဲ့ရပြီး လက်ငင်း စားနပ်ရိက္ခာအထောက်အပံလိုအပ် သူ ၁ ဒသမ ၄ သန်းရှိသည်ဟု အထက်ပါညှိနှိုင်းဆောင်ရွက်သူက ပြောသည်။ နီပေါဝန်ကြီးချုပ် ဆူ ရှီလ်ကိုရာလာကို အမေရိကန်သမ္မတ အိုဘားမားက ဖုန်းခေါ်ဆိုခဲ့ပြီး နီပေါနိုင်ငံကိုကူညီရန် လက်ရှိ ဆောင်ရွက်နေသည့် အမေရိကန် စစ်ဘက်နှင့်အရပ်ဘက်၏ကြိုးပမ်း မှုများကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။

KTK (Irish Times) , The Union Daily , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment