Pages

Pages - Menu

Saturday, May 9, 2015

မေလကုန်အထိ မိုးသက်လေပြင်း သတိထားရန်လို

RangonNewsDaily:: May . 9 .2015
မြန်မာနိုင်ငံဒေသအချို့ တွင် ညနေပိုင်းများ၌ မိုးသက်လေပြင်းကျသည့်ဖြစ်စဉ် နေ့စဉ်လိုလိုရင်ဆိုင်နေရပြီး ဒေသတွင်း အပူချိန်မြင့်မားနေသောကြောင့် မေလကုန်ခန့်အထိ မိုးသက်လေပြင်း အန္တရာယ်သတိပြုရန်လိုကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးကျော်မိုးဦးကပြောကြားသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မေ ၆ရက်မှ ၈ ရက်အထိ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းပါကျခဲ့သောကြောင့် နေအိမ်အဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘အခုက ဒေသတွင်း အပူ ချိန်မြင့်နေတယ်။ ပြန်ကျဖို့က လည်း လောလောဆယ်မရှိသေး ဘူး။ ဒါကြောင့် လေထုမငြိမ်မ သက်ဖြစ်ပြီးနေရာကွက်မိုးရွာတာ တွေ၊ လေပြင်းကျတာတွေကို နောက်ရက်တွေမှာ သတိပြုဖို့ တော့လိုတယ်။ အခုအချိန်က အရေးကြီးတာက လေထုမငြိမ်မ သက်ကြောင့် လေပြင်းကျတဲ့ အန္တရာယ်ပဲ’’ဟု ဦးကျော်မိုးဦးက ပြောသည်။

မေလ ၆ရက်နှင့် ၇ရက်ညနေ က မကွေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးရှိ အောင်လံ၊ ရွှေဘို၊ မုံရွာ၊ ဆားလင်းကြီးမြို့နယ်တို့အပြင် ကြေးမုံစိုက်ပျိုးရေးမိုးလေ၀သ စခန်းအနီးတွင်ပါ လေပြင်းကျခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။ ယင်းမြို့နယ်အားလုံး ညနေပိုင်းများတွင်သာ မိုးသက်လေပြင်းကျခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလဌာနမှသတင်းရရှိသည်။ ကရင်ပြည်နယ်သံတောင်မြို့တွင်လည်း လေပြင်းနှင့်အတူ မိုးပါရွာခဲ့ပြီး ကျေးရွာခြောက်ရွာမှ နေအိမ်အလုံး ၃၀ကျော်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment