Pages

Pages - Menu

Friday, April 24, 2015

ကျန်းမာရေး ဝန်ကြီးဌာန ဖွဲ့စည်းပုံသစ်ကြောင့် ဝန်ထမ်း တစ်သောင်းခွဲဝန်းကျင် ခေါ်ယူရန် စီစဉ်

RangonNewsDaily:: April . 24 .2015
အစိုးရသစ်လက်ထက် ကျန်းမာရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံစနစ်ကို ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အကြီးစား ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းကြောင့် ဝန်ထမ်းလိုအပ်ချက် တစ်သောင်းခွဲဝန်းကျင်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ခန့်ထားရန် စီစဉ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။။
ဝန်ထမ်းလိုအပ်ချက်တွင် ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအပြင် စီမံခန့်ခွဲရေး ဝန်ထမ်းများပါ ပါဝင်ကြောင်း၊ ဦးစီးဌာနများ၏ လိုအပ်ချက်ပေါ် မူတည်ပြီး ကျန်းမာရေးဝန်ထမ်း ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြား ရှိကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနကို ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများအဖြစ် ခွဲခြားလိုက်ပြီး ဆေးသုတေသန ဦးစီးဌာနများကို တစ်ခုတည်း ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းမှ သိရှိရသည်။

“ခန့်တဲ့လမ်းကြောင်းတွေ မတူတဲ့အတွက် အတတ်နိုင်ဆုံးတော့ ၁၂ လ အတွင်းကို အပြီးခန့်သွားမယ်” ဟု ၎င်းကဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်လေးခုနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့ကို ပညာရေး ဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

ဖွဲ့စည်းပုံ အပြောင်းအလဲကြောင့် ထပ်မံခန့်ထားရမည့် ဝန်ထမ်းအင်အားအတွက် လွှတ်တော်တွင် အသုံးစရိတ် ရရှိထားပြီး ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရုံးက ပြောဆိုသည်။

“ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကတော့ ဝန်ထမ်းလိုအပ်ချက် ပိုရှိလိမ့်မယ်။ လက်ရှိ ရှိပြီးသား ဝန်ထမ်းတွေက အတွေ့အကြုံရှိတဲ့သူတွေ ဆိုတော့ ပြည်သူ့ကျန်းမာရေးရော ကုသရေးရာမှာပါ အဆင်ပြေတယ်။ ဝန်ထမ်းသစ် ထပ်ခန့်မယ်ဆိုရင် ပြည်သူ့ကျန်းမာရေးဘက်မှာ အခက်အခဲ ရှိလိမ့်မယ်” ဟု တောင်တွင်းကြီး မြို့နယ်ဆေးရုံမှ ပြည်သူ့ကျန်းမာရေး ဆရာဝန် ဒေါက်တာကျော်ဆွေက ဆိုသည်။

ကျန်းမာရေးဦးစီးဌာနမှ ခွဲထွက်လာသော ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အရာထမ်းနှင့် အမှုထမ်း ၃၇,၇၁၀ ဦးရှိပြီး ကုသရေးဦးစီးဌာနတွင် ၇၅,၅၄၆ ဦး ရှိကြောင်း၊ မူလဖွဲ့စည်းပုံစနစ်မှ ဝန်ထမ်းအင်အား သီးခြားခွဲလိုက်ခြင်းသာ ဖြစ်ပြီး အပိုဝန်ထမ်းမရှိကြောင်း အဆိုပါရုံးထံမှ သိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment