Pages

Pages - Menu

Thursday, April 30, 2015

တရားခံပြေးများ၏ ဓာတ်ပုံများ၊ ကိုယ်ရေးအချက် အလက်များအား နိုင်ငံပိုင်ရုပ်သံများမှ ကြော်ငြာမည်

RangonNewsDaily:: April . 30 .2015
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံပြေး များ၏ ကိုယ်ရေးအချက်အလက်များအား နိုင်ငံပိုင် ရုပ်သံများတွင် ကြော်ငြာသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှသိရသည်။
လက်ရှိတွင် တရားခံပြေးများအား ဖမ်း ဆီးရရှိရေးစီမံချက်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''ကြော်ငြာရတာက ပြည်သူတွေသိရှိရ အောင်ပါ။ နောက်တစ်ခုက ပြည်သူတွေလဲ တရားခံပြေးဖမ်းဆီးမှုမှာ ပြည်သူများပူးပေါင်း ပါဝင်နိုင်အောင်ပါ''ဟု ရန်ကုန်တိုင်းဒေသ ကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ် မှူးကြီးတင်ဝင်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးနိုင်ခြင်းမရှိသေး သည့် တရားခံပြေးအမြောက်အမြားရှိကြောင်း သိရသည်။

''အရင်တုန်းကတော့ နိုင်ငံပိုင်သတင်း စာတွေ၊ ရုပ်သံတွေ၊ မီဒီယာတွေကိုခေါ်ယူ ပြီး သတင်းစာရှင်းလင်းပွဲတွေပြုလုပ်ပါတယ်။ အခုကတော့ နိုင်ငံပိုင်ရုပ်သံတွေမှာ ကြော် ငြာမယ်၊ အောက်လိုင်းစာတန်းတွေထိုးမယ်'' ဟု ယင်းကပြောသည်။
::
ကြော်ငြာရာ၌ တရားခံပြေးများ ၏ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အ လက်များအား မြဝတီ၊ မြန်မာ့အသံ စသည့် နိုင်ငံပိုင်ရုပ်သံများ၌ ကြော် ငြာသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရားခံပြေးဖမ်းဆီး မှုများအား တိုင်းဒေသကြီးများနှင့် ပြည် နယ် ၁၅ခုတွင် အရှိန်တိုးမြှင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
::
''ရန်ကုန်တိုင်းဒေသကြီးမှာ တ ရားခံပြေး အများဆုံးရှိပါတယ်။ ဒုတိ ယအများဆုံးရှိတာက မန္တလေးတိုင်း ဒေသကြီးပါ''ဟု မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ တရာခံပြေး ၂၄ဝဝကျော်နှင့် မန္တလေးတွင် တရာခံပြေး ၁၄ဝဝ ကျော်ရှိကြောင်း သိရသည်။
TheYangonTimes ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment