Pages

Pages - Menu

Sunday, April 19, 2015

တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းတွင် တရုတ်လေယာဉ် ပြေးလမ်း တည်ဆောက်

RangonNewsDaily:: April . 18 .2015
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ရှိ အငြင်း ပွားလျက်ရှိရာ ကျွန်းပေါ်တွင် လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်နေပုံကို ဂြိုဟ်တုဓာတ်ပုံများက ပြသထား ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရုတ်၏ လေယာဉ်ပြေးလမ်းတည်ဆောက်ရေး လုပ်ငန်းကို စပရက်လေကျွန်းရှိ သန္တာကျောက်တန်း ပေါ်တွင် လုပ်ဆောင်ထားခြင်းဖြစ်သည်ဟု ဂြိုဟ်တု ဓာတ်ပုံများက ဖော်ပြသည်။

ပြေးလမ်း မီတာ ၃ဝဝဝ ထိ ရှည်လျားသော တရုတ်နိုင်ငံ၏ လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်း နှင့်ပတ်သက်ပြီး အာရှ-ပစိဖိတ်ဒေသတွင် စိုးရိမ်ပူပန် မှုများ မြင့်တက်စေခဲ့သည်။
::
တရုတ်နိုင်ငံသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်အပါအဝင် အာရှနိုင်ငံအတော်များများက မိမိတို့၏ ပိုင်နက်ဖြစ်သည် ဟု တစ်ထပ်တည်းပြောဆိုနေသည့် တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို မိမိ၏ ပိုင်နက်အဖြစ် ပြောဆိုခဲ့ သည်။
တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် စစ်စခန်းအဖြစ် အသုံးပြုဖွယ်ရှိသည့် လူလုပ်ကျွန်းတစ်ခုကို ဖန်တီးရန် စီစဉ်နေသည်ဟု အခြားအာရှနိုင်ငံများက တရုတ်နိုင်ငံကို စွပ်စွဲလျက်ရှိသည်။

တရုတ်က၎င်း၏လေယာဉ်ကွင်း တည်ဆောက် ရေးလုပ်ငန်းသည် တရားဝင်ကြောင်း၊ မိမိတို့၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် လို အပ်ကြောင်းဖြင့် ပြောသည်။

BBC ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment