Pages

Pages - Menu

Friday, April 24, 2015

ကျောက်တော်မြို့တွင် လုံခြုံရေးတင်းကျပ်

RangonNewsDaily:: April . 24 .2015
ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ ၀င်များ ကျောက်တော်မြို့တွင်း ၀င် ရောက်နေသည်ဟူသော သတင်း ကြောင့်မြို့တွင်းရှိ ဟိုတယ်များအား တပ်မတော်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကာကျောက်တော် ဈေးကိုလည်း သတ်မှတ်ချိန်ထက် စော၍ ပိတ်ရန်ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။

‘‘တည်းခိုခန်းတွေစစ်တယ်။ ဈေးတွေကိုလည်း စောစောပိတ်ခိုင်းတယ်။ လေးနာရီကျော်ဆိုရင် ဈေးတွေကိုပိတ်ခိုင်းတယ်။ ရဲတွေ ရော စစ်သားတွေရော စက်လှေ တွေ၊ တည်းခိုခန်းတွေမှာလိုက်ရှာ နေကြတယ်။ ဓာတ်ပုံတွေကြည့်ပြီးတော့လေ။ ဈေးဝယ်တဲ့သူတွေ နဲ့ ရောနေမှာစိုးလို့ထင်တယ်’’ဟု ကျောက်တော်မြို့ ရခိုင်လူမှုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

ဧပြီ ၂၁ရက်ညမှ စတင်ကာ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများက မြို့ ပေါ်ရှိ ရပ်ကွက်များအားလုံးရှိ တည်းခိုခန်းများအား စစ်ဆေးနေ ခြင်းဖြစ်ပြီး ဒေသတွင်းအခြေအ နေတည်ငြိမ်ကြောင်းကျောက် တော်မြို့အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှသတင်းရရှိသည်။

အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့မှာ ဧပြီ ဒုတိယ ပတ်က တိုက်ပွဲစတင်ဖြစ်ပွားခြင်း ဖြစ်သည်။ ရခိုင်တွင်ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်၍ ရခိုင် သောင်းကျန်းသူငါးဦးကို လက် နက်များနှင့်အတူဖမ်းမိထားပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းဖော်ထုတ်လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်သောင်းကျန်းသူများစိမ့်ဝင်ခိုအောင်းမှုမရှိစေရန် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

စစ်ဘေးသင့်သူလူဦးရေ လေးရာကျော်ရှိနေသည်ဆိုသည့် အောင်လံချောင်း၊ ဘင်ချောင်းနှင့် ပင်လုံကျေးရွာများသို့ကယ်ဆယ် ရေးပစ္စည်းများပေးပို့မှုကို ဒေသ တွင်းအစိုးရက တားမြစ်ထားဆဲ ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အ စည်းများကပြောသော်လည်း ထို ရွာများသို့ ဆန်နှင့်ဆီအပါအ၀င် စားသောက်ကုန်များ ထောက်ပံ့ ပေးထားကြောင်းကျောက်တော်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေးတစ်ဦးကပြောသည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment