Pages

Pages - Menu

Saturday, April 25, 2015

နီပေါ မှာ ပြင်းအား ၇.၅ ငလျင် လှုပ်၊ အဆောက်အအုံတွေပြို


RangonNewsDaily:: April . 25 .2015
နီပေါနိုင်ငံ မြို့တော် ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်မှာ စနေနေ့ မွန်းတည့်ကအင်
အားပြင်းတဲ့ ငလျင်တစ်ခု ဗဟိုပြုလှုပ်ခတ်သွားလို့ အဆောက်အအုံပြိုပျက်မှုတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့သူ တွေက ပြောကြောင်း ရိုက်တာ နဲ့ အေပီ သတင်းတွေမှာဖော်ပြထားပါတယ်။ အသေအပျောက်သတင်းတွေကိုတော့ ချက်ချင်းမသိရသေးပါဘူး။

အမေရိကန်ဘူမိဗေဒစစ်တမ်း အဖွဲ့အဆိုအရ ငလျင်ပြင်းအား ၇.၅ ရှိပြီး မြေအောက်အနက် ၁၁ ကီလိုမီတာ မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ လို့ ဆိုပါတယ်။ 




ငလျင်ဒဏ်ကို ဝေးလံတဲ့ နယူးဒေလီ အပါအ၀င် အိန္ဒိယနိုင်ငံမြောက်ပိုင်းက မြို့တွေကပါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Ref: AP, Reuters ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment