Pages

Pages - Menu

Sunday, April 19, 2015

တပ်မတော် စစ်ကြောင်းများ ရခိုင်ဒေသအတွင်း နယ်မြေရှင်းလင်းစဉ် ရခိုင် သောင်းကျန်းသူ အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား


RangonNewsDaily:: April . 18 .2015
တပ်မတော် စစ်ကြောင်းများ ရခိုင်ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဒေသခံ ပြည်သူများ၏ သတင်းပေးချက် အရ ပလက်ဝဒေသ တစ်ဝိုက်တွင် ရခိုင် သောင်းကျန်းသူအဖွဲ့များ ၀င်ရောက်နေကြောင်း သတင်းရရှိသဖြင့် နယ်မြေ အတွင်း အသေးစိတ် ရှင်းလင်းရာ ရခိုင် သောင်းကျန်းသူ အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုသို့ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ပင်လုံကျေးရွာ အနီး၌ ရခိုင် သောင်းကျန်းသူ အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားသဖြင့် တပ်မတော် စစ်ကြောင်းက ဆုတ်ခွာ ထွက်ပြေးသွားသော ရန်သူ့နောက်သို့ ထက်ကြပ် လိုက် ချေမှုန်းသောကြောင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး သောင်းကျန်းသူများ အနောက်မြောက်ဘက်သို့ ကစဉ်က လျား ဆက်လက်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ထို့အတူ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းများနှင့် အောင်လံချောင်း ကျေးရွာအနီး တောင်ကုန်းပေါ် တွင် နေရာယူထားသော ရခိုင် သောင်းကျန်းသူ အင်အားအချို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ သောင်းကျန်းသူများ မြောက် ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များတွင် ရခိုင် သောင်းကျန်းသူများ ထံမှ ပြောက်ကျား ကျောပိုးအိတ် ၂ လုံး၊ မြန်မာငွေ ၁၂၀၀၀၀ ကျပ်၊ Ipad ၁ လုံး၊ HUAWEI တယ်လီဖုန်း ၁ လုံး၊ သံလိုက်အိမ်မြှောင် ၁ ခု၊ ဟန်းကော ၁ လုံး၊ အရပ်ဝတ်အင်္ကျီ ၃ ထည်တို့အား သိမ်းဆည်း ရမိခဲ့သည်။
::
တပ်မတော် စစ်ကြောင်းများ အနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော ရခိုင်ဒေသအတွင်း ရခိုင် သောင်းကျန်းသူများ စိမ့်ဝင် လာမှု မရှိစေရန် ဒေသခံ ပြည်သူလူထုများနှင့် ပေါင်းစပ်၍ နယ်မြေအတွင်း အသေးစိတ်ပိတ်ဆို့ ရှင်းလင်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment