Pages

Pages - Menu

Tuesday, April 28, 2015

မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီး ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်


RangonNewsDaily:: April . 28 .2015
မြိုင်ကလေးဘိလပ်မြေ စက်ရုံသို့ ဓာတ်အားပို့လွတ်သည် ဓာတ် ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း ကရင်ပြည်နယ် ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။
ဘားအံ့မြို့နယ် မြိုင်ကလေး အမှတ် (၁) ဘိလပ်မြေစက်ရုံ အနီးတွင် ဧပြီ ၂၇ ရက် ညနေ ၅ နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းကို စစ်ဆေးနေ ဆဲဖြစ်ကြောင်း အထက်ပါရဲအရာ ရှိကပြောသည်။



ထားဝယ်မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ ပို့သည့် ပိုက် လိုင်းဖြစ်ပြီး ပေါက်ကွဲသည့် အသံမှာ အလွန်ကျယ်လောင်သော ကြောင့် ဘားအံမြို့ တစ်မြို့လုံး ထိတ်လန့်သွားခဲ့ကြောင်း မြို့မိမြို့ဖ ဦးကံ လှိုင်က ပြောသည်။ ထိုပိုက်လိုင်း မှာ ဧပြီ ၂၀ ရက်မှစတင်ကာ ဓာတ်အားပို့လွှတ်မှု ရပ်ထားပြီး အသေးစားပြင်ဆင်နေကာ ဧပြီ ၂၇ ရက်တွင် စတင်ပို့လွှတ်စဉ် ပေါက်ကွဲခြင်းဖြစ်ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိ ကြောင်း သတင်းရရှိသည်။

‘‘ဓာတ်ငွေ့တွေ သိုလှောင် ပြီး တစ်ဆင့်ပြန်ထုတ်တဲ့ ဘား နေရာကနေ ပေါက်ကွဲသွားတာ။ ဂက်စ်တွေ ထွက်ကုန်ပေမယ့် ပြန် ထိန်းနိုင်ခဲ့ပါတယ်။ ပိုက်ထဲမှာ တစ်ခုခုဂျမ့်ဖြစ်ပြီး ပေါက်ကွဲတယ် လို့ ထင်ပါတယ်’’ဟု ဘားအံမြို့ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
::
မည်သည့်ပမာဏပေါက်ကွဲ သွားခဲ့သည်ကို မပြောပေ။ ဂက်စ် ပိုက်လိုင်းမှ လွင့်စဉ်လာသော သံ အပိုင်းအစအချို့ ကားလမ်းမပေါ် လွင့်စဉ်ကျခဲ့ကြောင်း သတင်းရရှိ သည်။
Photo ::မြိုင်ကလေးဘိလပ်မြေစက်ရုံသို့သွယ်တန်းသော ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် (ဓာတ်ပုံ − Mg Po Hpa-an FB)
7Day Daily ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment