![]() |
RangonNewsDaily:: April . 4 .2015
အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက လီဗားပူလ်းအသင်းနဲ့ စာချုပ်သက်တမ်း တိုးရေး ရပ်တန့်နေတဲ့ တိုက်စစ်မှူး စာတာလင်ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဝယ်ယူဖို့ အသင့် ဖြစ်နေပါတယ်။
ဒီအတွက် သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ လီဗာပူလ်း အသင်းအတွက် အိမ်မက်ဆိုးတခုဖြစ်နေတယ်လို့ သည်ဆန်းသတင်းက ရေးပါတယ်။
ဒါ့အပြင် မန်ယူက ဂျာမနီဘွန်ဒစ်လီဂါ ဘရှုးရှား ဒေါ့မွန်အသင်းကနောက်ခံလူ မတ် ဟမ်းမဲလ်ကိုလည်း ရရှိဖို့ ကြိုးစားနေပါတယ်။
ဒေါ့မွန်က လာမယ့်နွေရာသီ မှာ ရောင်းချမယ် လို့ ပြောဆိုခဲ့အပြီးမှာ အခုလို ရရှိရေး ကြိုပမ်းနေတယ်လို့ ဂါးဒီးယန်း သတင်းမှာ ရေးပါ တယ်။
ဒါအပြင် ပီအက်စ်ဗွီအိုင်ဟိုဗန် အသင်းက နွေရာသီ မှာ ထွက်ခွာ မယ့် တောင်ပံကစား သမား မက်ဖစ် ဒီပေးကိုလည်း မန်ယူက ချိတ်ဆက်နေသလို ပါလာမို တိုက်စစ်မှူး အသက် ၂၀ အရွယ် ပေါ်လို ဒိုင်ဘာလာကိုလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
DVB , KOLATT(PBDN)
RangonNewsDaily


No comments:
Post a Comment