၁၆.၄.၂၀၁၅ နေ့ ၁၃၄၅ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ စက်မှု(၁)လမ်းရှိ ရေကစားမဏ္ဍပ်အနီး၌ Hello Dine အမည်ဖြင့် အသားကင်ရောင်းချသည့် 7H ---- ယာဉ်ပေါ်တွင် အသုံးပြုလျက်ရှိသော ဂက်စ်မီးဖိုမှ ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ထိုသို့ မီးဖိုဂက်စ်အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသားကင်ရောင်းချသူနှင့် အနီးအနားတွင်ရှိနေသူ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၅)ဦး၊ စုစုပေါင်း (၉)ဦး(စိစစ်ဆဲ)တို့တွင် အပူလောင်ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိသည်။
အခင်းဖြစ်ပွားရာနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တာဝန်ရှိသူများရောက်ရှိစစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment