Pages

Pages - Menu

Sunday, April 19, 2015

အစိုးရ စစ်စာမေးပွဲ တွင် အချို့ကျောင်းများ ၌ ဖြေဆိုကျောင်းသား ထက်ဝက် နီးပါ ကျရှုံး


RangonNewsDaily:: April . 18 .2015
ခရိုင်အဆင့် အစိုးရစစ် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အချို့ကျောင်းများ၌ ဖြေဆိုကျောင်းသားထက်ဝက်နီးပါးကျရှုံးကြောင်း ကျောင်းဆရာမများထံမှသိရသည်။
“ဆယ်တန်းရောက်မှ အောင်ချက်မြင့်မားရေး ဆိုပြီး အတင်းလုပ်ကြတာ။ တကယ်တော့ ဒီအတန်းတွေမှာကတည်းက စစ်ချလိုက်ရမှာ။ အခု အောင်တဲ့ ကျောင်းသားစာရင်း နဲ့ ကျရှုံးပြီး ပြန်ကုစားရမဲ့ကျောင်းသား စာရင်းက ထက်ဝက်ပဲ။ဒီလိုလုပ်မှ ဆယ်တန်း အောင်ချက်က ကောင်းလာမှာ။ဆရာမတို့က ဘယ်လောက်ပဲသင်သင် ကျောင်းသားလုပ်မှ ရမှာ။ မြင်းကို စမ်းချောင်းနားပဲ ခေါ်သွားလို့ရမှာ။ ရေသောက်ပါလို့ပြောလို့မရဘူး။
::
သောက်တာမသောက်တာက သူနဲ့ပဲဆိုင်တာ။ အခုပြန်လည်ကုစားရမဲ့ကျောင်းသားစာရင်းမှာ ၆ ဘာသာကျတဲ့ သူတွေလဲအများကြီးပါတယ်။ ဘယ်လိုလုပ်မလဲ။” ဟု ကျောက်တံတား မြို့နယ် အ.ထ.က (၁) မှ တာဝန်ကျ အထက်တန်းဆရာမ တစ်ဦးက ဂျာနယ်သို့ပြောသည်။




ခရိုင်အဆင့် အစိုးရစစ် စာမေးပွဲတွင် ကျရှုံးသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ကျောင်းများပြန်လည် မဖွင့်မီ တွင် ပြန်လည်ဖြေဆိုရမည့်ဖြစ်ပြီး။ ကျရှုံးသည့်ဘာသာအလိုက် ကျောင်းဆရာ၊ဆရာမများအနေဖြင့် ပြန်လည်သင်ကြားပေးမည်ဖြစ်ပြီး သတ်မှတ်သည့် ရက်တွင် ကျရှုံးကျောင်းသားများ ကုစားစာမေးပွဲ ပြန်လည်းဖြေဆိုရမည် ဖြစ်ကြောင်း နှင့် ပြန်လည်ဖြေဆိုရမည့် ရက်အားထုတ်ပြန်ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း ကျောင်းဆရာမများထံမှသိရသည်။
::
“ဆရာမတို့ကျောင်းမှာတော့ လေးတန်းထက် ရှစ်တန်းအကျများတယ်။ ကျရှုံးတဲ့ကျောင်းသားတွေ
ကိုလည်း မေလ တတိယအပတ်လောက်မှာ ပြန်လည်ဖြေဆိုခိုင်မှာပါ။ ကျတဲ့သူတွေအထဲမှာ တစ်ဘာသာကျနဲ့ နှစ်ဘာသာကျတဲ့ကျောင်းသူကျောင်းသားတွေကများ
ပါတယ်။”ဟုမင်္ဂလာဒုံမြို့နယ်အ.ထ.က(၅)မှတာဝန်ကျ ကျောင်းဆရာမတစ်ဦးကပြောသည်။
::
ပညာရေးဝန်ကြီးဌာန၏စတုတ္ထတန်းနှင့်အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်းများကို အဆင့် Grade A၊ Grade B၊ Grade C နှင့် Grade D (ကျရှုံး) အဆင့်ဆင့်ခွဲထားပြီးGradeDအဆင့်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် နောက်တစ်ကြိမ် ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

သတင်း/ဓါတ်ပုံ= နေမင်းခ
News WatchJournal ::--KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment