Pages

Pages - Menu

Tuesday, April 28, 2015

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၂၅ ကြိမ်မြောက် ဆွတ်ခူး


RangonNewsDaily:: April . 28 .2015
(မြူးနစ်)။ ။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော မိုချင်ဂလတ်ဘတ်အသင်းနှင့် ၀ုဖ်ဘတ်အသင်းတို့၏ ပွဲစဉ်တွင် ၀ုဖ်ဘတ်အသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ၂၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုတစ်ပတ်တွင် ဟာသာဘာလင်အသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ကစားထားသည့် ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါပွဲစဉ် လေးပွဲအထိ ကစားရန် ကျန်ရှိနေသေးသော်လည်း ဒုတိယနေရာမှ ၀ုဖ်ဘတ် အသင်းကို ၁၅ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်သည့်အတွက် ချန်ပီယံဆုကို ရရှိသွားခြင်း ဖြစ်သည်။

ဂလတ်ဘတ်အသင်းနှင့် ပွဲစဉ်တွင် ၀ုဖ်ဘတ်အသင်းသာ အနိုင်ရခဲ့ပါက လာမည့် ပွဲစဉ် ၃၁ ပြီးချိန်အထိ ရလဒ်ကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း ၀ုဖ်ဘတ်အသင်း ရှုံးနိမ့်သွားသည့်အတွက် ချန်ပီယံအဖြေပေါ်သွားခြင်း ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရရှိခြင်းဖြစ်ပြီး ၂၅ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာအတွက် ၁၉ ခုမြောက် အဓိက ဆုဖလားဖြစ်ပြီး ၅ ခုမြောက် အမှတ်ပေးဖလားလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဖလား ဆီမီးဖိုင်နယ်နှင့် ဂျာမန်ပိုကယ်ဖလား ဆီမီးဖိုင်နယ်တို့သို့ ရောက်ရှိနေပြီး တစ်ရာသီအတွင်း ဆုဖလားသုံးလုံး ရရှိရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိလျက်ရှိသည်။
ဝုဖ်ဘတ်အသင်း ရှုံးနိမ့်ပြီးနောက်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏ တရားဝင် တွစ်တာအကောင့်တွင် ချန်ပီယံဆုပုံတင်ကာ အောင်ပွဲခံခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ရူမန်နစ်ဂီက 'ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပါပဲ။ ဒီအောင်မြင်မှုအတွက် နည်းပြနဲ့ ကစားသမားတွ အားလုံးကို ဂုဏ်ပြုသင့်ပါတယ်' ဟု ပြောသည်။
ရည်ညွှန်း - ဒေးလီးမေးလ် , Mizzima , KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment