Pages

Pages - Menu

Friday, April 24, 2015

ကသာခရိုင် ကောလင်းမြို့နယ်တွင် လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ လူတစ်ဦးသေဆုံး

RangonNewsDaily:: April . 24 .2015
ကသာခရိုင် ကောလင်းမြို့နယ်တွင် ဧပြီ ၂၁ ရက်မွန်းလွဲ ၁ နာရီခန့်က ရုတ်တရက် လေပြင်းများတိုက်ခတ်မှုကြောင့် တောင်မော်ကျေးရွာအုပ်စု လက်ပံခုံကျေးရွာတွင် လူနေအိမ် ၁၅ လုံးသွပ်အမိုးများ လန်ထွက်ခြင်း၊ ကွန်ကရစ် လျှပ်စစ်မီးတိုင်ခြောက်လုံး ကျိုးပဲ့ခြင်းနှင့် တောင်မော်ကျေးရွာတွင် လူနေအိမ်တစ်လုံး အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။
အလားတူ မြေနီကျေးရွာအုပ်စု ညောင်ကိုင်းကျေးရွာရှိ လူနေအိမ်ခုနစ်လုံးနှင့် စပါးတိုက်တစ်လုံး သွပ်မိုးများလန်ခြင်း၊ သက်ငယ်မိုး၊ ထရံကာ နေအိမ်တစ်လုံးပြိုကျပျက်စီးခြင်းနှင့် ဆည်တိုကျေးရွာအုပ်စု ဆည်တိုကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ သက်ငယ်မိုးထရံကာ လယ်စောင့်တဲပြိုကျ၍ ယင်းတဲ၌ နေထိုင်သူ ဒေါ်ရီဝင်း(၄၅ နှစ်)တဲပိရာမှ ထုပ်တန်းနှင့်ရိုက်မိပြီး ယင်းနေရာတွင် သေဆုံးခဲ့သည်။
::
ယင်းဖြစ်စဉ်ဖြစ်ပွားရာသို့ ဌာနဆိုင်ရာများနှင့် မြို့နယ်မှတာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


MOI ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment