Pages

Pages - Menu

Friday, April 10, 2015

လစာယူရသည်မှာ ရှက်သော်လည်း ရသင့်ရထိုက်သည့်အတွက် လိုချင်စိတ်ရှိကြောင်း သူရဦးရွှေမန်း ပြောကြား

RangonNewsDaily:: April . 10 .2015
ပြည်ထောင်စုလွှတ်တော် နာယက ချီးမြှင့်ငွေကို ရယူရသည်မှာ ရှက်မိသော်လည်း ရသင့်ရထိုက်
သည့်ငွေကြောင့် လိုချင်စိတ်ရှိကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ယနေ့ကျင်းပသော
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များ နေထိုင်ရေးအတွက် အဆောက်
အအုံ ဆောက်လုပ်ရန် အရေးကြီးအဆို တင်သွင်းနေဆဲတွင် ကိုယ်စားလှယ်တစ်ဦးလျှင် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းစီ ရရှိစေခဲ့သောကြောင့် နာယကကို ကျေးဇူးတင်ကြောင်း ထောက်ခံပြောဆိုမှုကြောင့် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ်စားလှယ်က ဒါလောက်ရပြီး ဥက္ကဋ္ဌ ဒါလောက်ရတာ ရှက်ပါတယ်၊ မလိုချင်ပါဘူး။ ရှက်လို့ကို မလိုချင်တာ၊ ဒါပေမယ့် ရသင့်ရထိုက်တာတော့ ကျွန်တော် လိုချင်ပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ကိုယ်စားလှယ်များ လစာ ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ရရှိရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားချက်သည် နာယကကို ကျေးဇူးတင်ရန် မလိုကြောင်း၊ လက်ရှိ ကိုယ်စားလှယ်များ၏ လုပ်ငန်းနှင့်တာဝန်ကို အများပြည်သူ နားလည်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
“ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ အလုပ်တွေ အခက်ခဲအတွေ ရှိပါတယ်။
::
လွှတ်တော်ကိုယ်စားလှယ် လုပ်ကြည့်ပါ၊ အခက်ခဲတွေ တွေ့မှာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ လစာမှာ ကျပ် ၃၅ သိန်းနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် ကျပ် ၁၀ သိန်း ရရှိမည်ဖြစ်ပြီး ယင်းချီးမြှင့်ငွေများကို ဧပြီလကုန်တွင် ခံစားရမည်ဖြစ်သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment