Pages

Pages - Menu

Sunday, April 19, 2015

ရေပတ်ခံထွက်လည်သည့်ကား တောင်ညွန့်၌ တိမ်းမှောက် လူနှစ်ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

RangonNewsDaily:: April . 18 .2015
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်က မင်္ဂလာ တောင်ညွန့်မြို့နယ် ဂျိုးဖြူလမ်းရှိ ယောမင်းကြီးလမ်း ဘတ်စ်ကားမှတ် တိုင်အနီးတွင် သင်္ကြန်ရေပက်ခံထွက် လည်သော လိုက်ထရပ်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ကာ လူနှစ်ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
ဖြစ်ပွားပုံမှာ အဆိုပါညနေက မင်္ဂလာတောင်ညွန့်မြို့နယ် အောင် ဆန်းအားကစားပြိုင်ကွင်း အနောက် ဘက် တစ်လမ်းမောင်းဖြစ်သော ဂျိုးဖြူလမ်းကျယ်တွင် တောင်မှ မြောက်သို့ ဒဂုံ(အရှေ့)မြို့နယ် (၁၂၅)ရပ်ကွက် မြသိင်္ဂီလမ်းနေ ယာဉ်မောင်း အောင်စံအေး (၄ဝ နှစ်)မောင်းနှင်လာသော ရေပက်ခံထွက် သည့် အပြာရောင်စူဇူကီး အမျိုး အစား လိုက်ထရပ်ယာဉ်အမှတ် ၂ဂ/ ------ သည် ကွေ့ယာဉ်ကြောဖြစ် သည့် ယောမင်းကြီးလမ်း ဘတ်စ်ကား မှတ်တိုင်အရောက်တွင် အရှိန်မထိန်း နိုင်ဘဲ လူသွားပလက်ဖောင်းကို ကာရံထားသော သံလက်ရန်းကာ များကို တရွတ်တိုက်ပွတ်ဆွဲကာ တစောင်းတိမ်းမှောက်သွားခဲ့သည်။

ယာဉ်ပေါ်ပါ စိုးသီဟ(၂ဝ နှစ်)နှင့် ကြည်မင်းစိုး( ၂၅ နှစ်)တို့မှာ ယာဉ် ပေါ်မှလွင့်စဉ်ပြီး အခင်းဖြစ်နေရာ တွင်ပင် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ သည်။ ကျန်အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး လေးဦးတို့မှာ ဒဏ်ရာရရှိ ကြ၍ စံပြဖဆပလရပ်ကွက် ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးအောင်သစ်နှင့် ရပ်ကွက်ပြည်သူများက သက်ဆိုင်ရာ များသို့ သတင်းပေးပို့ပြီး ဒဏ်ရာရ လူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ကြက်ခြေနီ သူနာပြုယာဉ်များ ဖြင့် ပေးပို့ကူညီဆောင်ရွက်ပေးခဲ့ ကြသည်။
::
ယာဉ်မတော်တဆ တိမ်းမှောက် ရာတွင် အသက် တစ်နှစ်ခြောက်လ အရွယ်ရှိ စုသန္တာလင်းနှင့် အသက် တစ်နှစ်ရှစ်လအရွယ်ရှိ ကြယ်စင်တို့ ပါရှိသော်လည်း ကံအားလျော်စွာ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။
မင်္ဂလာတောင် ညွန့် မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဇော်မျိုးကျော်က တရားလိုပြုလုပ်ကာ ယာဉ်မောင်းသူ အောင်စံအေး(၄ဝ နှစ်)ကို အမှုဖွင့်အရေးယူထားသည်။

အောင်သန်း(မင်္ဂလာတောင်ညွန့်)
Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment