Pages

Pages - Menu

Wednesday, April 1, 2015

မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်း အလဲထိုးနိုင်ပွဲရ


RangonNewsDaily:: April . 1 .2015
မြန်မာနိုင်ငံရိုးရာလက် ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပ မည့် One On One မြန်မာ- ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တွင် တွဲဆိုင်း ခုနစ်ဆိုင်း၌ တစ်ပွဲ သာ သရေကျခဲ့ပြီး မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း အပါအ၀င် ခြောက်ပွဲ၌ မြန်မာ့လက်ဝှေ့သမား များ အနိုင်ရရှိခဲ့ကြသည်။

မတ်လ ၂၉ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပခဲ့သည့် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ထိုင်းမွေလက် ဝှေ့ချန်ပီယံ ဖတ်မန်ခွန်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ဖတ်မန်ခွန်းမှာ ဒုတိယအချီတွင် အနားတောင်းခဲ့ရကာ တတိယအချီမြောက်၌ ဆက်လက်မယှဉ်ပြိုင်နိုင်တော့သည့်အတွက် ထွန်းထွန်းမင်းက အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

စောဝီလျံ(မြန်မာ)နှင့် ယွတ် သပွန်ဒန်စီ(ထိုင်း)တို့ပွဲတွင် အကြိတ်အနယ် ရှိခဲ့သော်လည်း ငါးချီပြည့်သည်အထိ အလဲထိုးနိုင် ခြင်း မရှိခဲ့သောကြောင့် ပူးတွဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

အခြားပွဲစဉ်များတွင် သပြေ ညို၊ ကြယ်စင်ဖြိုး၊ မိုးဟိန်း၊ ရွှေ ချစ်သွေး၊ ရဲသွေးနီတို့က ပြိုင် ဘက် ထိုင်းလက်ဝှေ့သမားများကို အလဲထိုးအနိုင်ယူခဲ့သည်။

ထို့ကြောင့် မြန်မာ-ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ တွင် တစ်ပွဲသာသရေကျခဲ့ပြီး ကျန်ပွဲများတွင် မြန်မာလက်ဝှေ့သမား များက အနိုင်ရရှိခဲ့ကြသည်။

Photo ::ထွန်းထွန်းမင်းနှင့် ဖတ်မန်ခွန်းတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ − မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး)

7Day Daily , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment