Pages

Pages - Menu

Tuesday, April 28, 2015

ရစ်လုံးကို အွန်လိုင်းကနေ အခမဲ့ ဖြန့်လိုက်တဲ့ မိစန္ဒီ


RangonNewsDaily:: April . 28 .2015
လူငယ်ကြိုက် တေးသံရှင် တစ်ဦးဖြစ်သော မိစန္ဒီက သူ၏ သီချင်းခွေ အသစ်တွင် ပါဝင်သော သီချင်း အသစ် တစ်ပုဒ် ဖြစ်သည့် 'ရစ်လုံး'ကို အွန်လိုင်း မှ တစ်ဆင့် အခမဲ့ ဖြန့်လိုက်ကြောင်း ပြောသည်။
''ဒီ'ရစ်လုံး'ဆိုတဲ့ သီချင်းလေးကတော့ ညီမရဲ့ အသစ်ထွက်မယ့် ဒုတိယတေး အလ်ဘမ်ဖြစ်တဲ့ 'ပစ်တိုင်းထောင်' တေးစီးရီး MTV ထဲက 'ရစ်လုံး' ဆိုတဲ့ သီချင်း MTV လေးကို နှစ်ဆန်းတစ်ရက်နေ့ ကစပြီး ပရိသတ်တွေ နားထောင် ကြည့်ရှု နိုင်ဖို့ အတွက် ညီမရဲ့ အွန်လိုင်း စာမျက်နှာမှာ တင်ပေး လိုက်တာပါ။ 

ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဆန်း တစ်ရက်နေ့ ဆိုတာ က ညီမတို့ မြန်မာလူမျိုးတွေ အတွက် တန်ဖိုးထားတဲ့ နေ့လေး တစ်နေ့လည်း ဖြစ်တယ်။ နောက်ပြီး ဒီလို နေ့မျိုးလေးမှာ ညီမရဲ့ ပရိသတ်တွေ အတွက် ထူးထူး ခြားခြား အနေနဲ့ တစ်ခုခု လုပ်ပေးချင်တဲ့ စိတ်ကြောင့် အဲဒီ နေ့လေးမှာ'ရစ်လုံး' ဆိုတဲ့ သီချင်းလေးကို အွန်လိုင်း ကနေ အခမဲ့ ဖြန့်ပေး ဖြစ်တာပါ။ 

ဒါ့အပြင် ညီမရဲ့ သီချင်းခွေ သစ်ထဲက MTV သီချင်း အသစ်လေးကို ပရိသတ် အတွက် အမြည်း အနေနဲ့ ချပြ ချင်လို့ပါ''ဟု မိစန္ဒီက ပြောသည်။ မိစန္ဒီသည် ယခုနှစ် အတွင်း သူမ၏ ဒုတိယတေးစီးရီး ဖြစ်သည့်'ပစ်တိုင်းထောင်' MTV တေးစီးရီးကို ဖြန့်ချိသွားရန် ရှိကြောင်း ပြောသည်။
Messenger , 
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment