Pages

Pages - Menu

Thursday, April 30, 2015

နီပေါ ဝေးလံခေါင်ဖျားဒေသတွေကို အကူအညီတွေ စတင်ရောက်ရှိ


RangonNewsDaily:: April . 30 .2015
နီပေါနိုင်ငံမှာ ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘေးဒုက္ခရောက်နေသူတွေ ရှိရာ အစွန်အဖျားဒေသက ရွာတွေကို အကူအညီတွေ စတင်ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဒေသအများအပြားမှာ သောက်သုံးရေနဲ့ အစားအသောက်တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ခတ္တမန္ဒူ မြို့ ချိုင့်ဝှမ်းဒေသရှိ Dhading နဲ့ Gorkha ဒေသတွေကို ကူညီ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ပြင်းအား 7.8-magnitude ရှိတဲ့ ငလျှင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူပေါင်း ၅ ထောင်ကျော် ရှိသွားပြီ ဖြစ်ပြီး နီပေါနိုင်ငံမှာ ၀မ်းနည်းပူဆွေးတဲ့အထိမ်းအမှတ်အဖြစ် ၃ ရက် ကြေညာထားပါတယ်။



နီပေါနိုင်ငံရှိ ခရိုင် ၃၉ ခုမှာ ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရသူ အရေအတွက်ဟာ ၈ သန်းကျော် လိမ့်မယ်လို့ ခန့်မှန်းပြီး ထိခိုက်ဒဏ်ရာသူပေါင်း ၁ သောင်းကျော် ရှိတယ်လို့ ကုလသမ္မဂ ကပြောပါတယ်။
ငလျင်ဒဏ် အပြင်ထန်ဆုံးခံခဲ့ရတဲ့ Gorkha ဒေသမှာတော့ ဆာလောင်မွတ်သိပ်နေကြတဲ့ သူတွေဟာ ရောက်လာတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေထံ အပြေးအလွှားသွားရောက်ပြီး သူတို့ကို သယ်ဆောင်ပေးဖို့ ပြောဆိုနေကြတယ်လို့ သိရပါတယ်။
BBC Burmese ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment