Pages

Pages - Menu

Thursday, April 2, 2015

အိမ်မဲမြို့နယ်တွင် ဓါးပြတိုက်သွားသူများကို ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး


RangonNewsDaily:: April . 2 .2015
၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲ မြို့နယ်၊ ယိုးဒယားကုန်းကျေးရွာနေ ဦးစလန်း(ခ)သိန်းအောင်(၅၂)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ တူတော်စပ်သူ ဂျလီမှ ဧည့်သည်များတွေ့ချင်ကြောင်းပြောဆိုသဖြင့် အိမ်ရှေ့သို့ထွက်ကြည့်ရာ ဂျလီနှင့် အတူပါလာသည့် ပြောက်ကျားဝတ်စုံဝတ်ဆင်သူ(၇)ဦးနှင့် အရပ်ဝတ်(၃)ဦး၊ စုစုပေါင်း(၁၀)ဦးတို့အနက် ပြောက်ကျားအင်္ကျီဝတ်ဆင်ထားသူတစ်ဦးမှ သေနတ်အတိုဖြင့်ချိန်၍ နေအိမ်အောက်သို့ခေါ်ကာ ၎င်းင်းအား ကြိုးနှင့်တုပ်ပြီး ဦးခေါင်းအား တုတ်ဖြင့်(၂)ချက်ရိုက်၍ လေလံပွဲအတွက်အသုံးပြုမည့် ငွေကျပ် သိန်း(၆၀)အား ယူဆောင်သွားသဖြင့် အဆိုပါလူ(၁၀)ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းရာ အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းနယ်မြေရဲစခန်း(ပ)၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
အဆိုပါအမှုဖြစ်ပွားကြောင်း သတင်းရလျှင်ရခြင်း မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင် များနှင့် အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝင်များက အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့်အဖွဲ့က ဆက်စပ်နယ်မြေများဖြစ်သည့် ရေလမ်းကြောင်းများအား လည်းကောင်း၊ ၀ါးခယ်မမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့်အဖွဲ့က ၀ါးခယ်မမြို့၊ ကုန်းလမ်း/ရေလမ်း ၀င်/ထွက်ပေါက်များအားလည်းကောင်း ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရဲစခန်းများမှလည်း မိမိတို့အပိုင်နယ်မြေများအတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့က အမှုမှ ပြစ်မှုကျူးလွန်သူများအနက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပန်းလှိုင် တံတားအနီးနေ စောစိုးဇော်(၂၅)နှစ်၊ တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာနေ စိုင်းသီဟ(ခ)အောင်ဖြိုးကျော် (၂၅)နှစ်၊ စောဒါးဒါး(ခ)မျိုးအောင်(၂၃)နှစ်၊ မျိုးဝင်းထွဋ်(ခ)မောင်ဇော်(၄၀)နှစ်နှင့် စောဖိုးစီ(ခ)ဖိုးစီ (၂၃)နှစ်တို့ ၅ ဦးအား ၎င်းင်းတို့စီးနင်းလာသည့်ြွ ၃ီ/xxxx င်္သမျွိညေါနမ ယာဉ်ပေါ်မှ ပြစ်မှု ကျူးလွန်ရာတွင်အသုံးပြုခဲ့သည်ဟုယူဆရသော ကော်ဖြင့်ပြုလုပ်ထားသည့် ပစ်္စတိုသေနတ်အတု(၁)လက်နှင့် အခြားသက်သေခံပစ်္စည်းများနှင့်အတူ ဒေးဒရဲတံတား၌ ၃၁-၃-၂၀၁၅ ရက်နေ့ ၁၀၁၅ အချိန် တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။
::
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူများမှာ (၁၀)ဦးဖြစ်ပြီး စောစိုးဇော် ပါ(၅)ဦး တို့မှာလည်း ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရကာ ကျန်ထွက်ပြေးတိမ်းရှောင်နေသူ များအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment