Pages

Pages - Menu

Friday, March 20, 2015

မင်းသမီးကြီး တင်တင်ညို ပြောတဲ့ Sexy Pose ဆိုတာ. . .


RangonNewsDaily:: March . 20 .2015
ယခုခေတ်ဆန်းနေတဲ့Sexy Pose ဆိုတာ ဘယ်လို နားလည် ထားပါသလဲ။
ရေကူးဝတ်စုံဝတ်တိုင်း Sexy Pose ပေးတာမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာယဉ်ကျေးမှုကို လျစ်လျူရှု လို့မရဘူး။
မြန်မာမှုဆိုတာနဲ့ ချိတ် ထဘီ၊ ချိတ်အင်္ကျီလက်ရှည်ဝတ်မှ မြန်မာမှုလို့ ထင်ကြတယ်။ ဒီဘက် ခေတ်မှာ ပိတ်စလှလှလေးတွေ ဒီဇိုင်းဆန်းဆန်းလုံလုံခြုံခြုံနဲ့ ဆန်း သစ်လို့ရတယ်။ ဘောင်းဘီတွေ တီရှပ်တွေဆိုတာလည်း အရင်က တည်းကဝတ်ကြပါတယ်။ အန်တီ ညိုက တစ်ခုပဲပြောချင်တယ်။ ကိုယ့်အိမ်ကို လုံလုံခြုံခြုံနဲ့ သော့ ခတ်ရင် ဘယ်သူမှ မဝင်လာနိုင် ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝ သဘောတရားလည်း အဲဒီလို ပါပဲ။

► မဖော်သင့်တဲ့အသားစိုင်တွေဖော်ဝတ်လာတဲ့အခါမှာ Sexy ကျပြီး ခေတ်ဆန်တယ်ပြောရင် အန်တီလက်ခံလား။
ဒီလိုမဖော်သင့် မဖော်အပ်တဲ့ ကိုယ့်အသားစိုင်တွေကို ဖော်ပြတဲ့ အခါမှာ မြန်မာမိန်းကလေးတစ် ယောက်အတွက် မလုံခြုံတဲ့အိမ် တစ်အိမ် လိုဖြစ်သွားမယ်။ အဲဒီ တော့ သူတို့ကို ဓားပြတွေဝင်တိုက် လိမ့်မယ်။ သူခိုးတွေ ဝင်ခိုးလိမ့် မယ်။ သူခိုးဓားပြတွေ အပြစ်ပြောလို့ မရတော့ဘူး။ ဒါပေမဲ့ နိုင်ငံခြား မှာတော့ ဒါတွေက ရိုးနေပြီဆိုတာ သိတယ်။ ခေတ်အနေအထားတစ်ခု အထိ လက်ခံနိုင်ပေမယ့် လွန်ရင် မကောင်းဘူး။

►မတူတဲ့ ခေတ်အနေအထား ပြောင်းလဲမှုကြောင့် အတုမြင် အတတ်သင်နေတာကို ဘယ်လို အကြံပေးချင်လဲ။
အန်တီညိုတို့ ကလေးဘဝ လူငယ်ဘဝက မတွေ့မမြင်ခဲ့ရတာ တွေ အခု အန်တီညိုတို့ သားသမီး မြေးတွေလက်ထက်မှ မြင်တွေ့ကိုင် တွယ်နေရတယ်။ 

အန်တီညိုတို့ လူကြီးတွေက လိုက်မမီတော့ဘူး။ နည်းပညာစက်ပစ္စည်း အစသဖြင့် တိုးတက်လာတယ်။ အဲဒီလိုပဲ တိုင်းတစ်ပါးရဲ့ယဉ်ကျေးမှုတွေ တိုင်း တစ်ပါးရဲ့ ဆန်းသစ်တီထွင်မှုတွေ ကိုယ်တို့နိုင်ငံကိုလွှမ်းမိုးလာတယ်။ အဲဒီလွှမ်းမိုးမှုမှာ ကောင်းတဲ့ဘက် ကိုအတုခိုးပါ။ မြန်မာ့ယဉ်ကျေးမှု တော့နဲ့ မရောယှက်ပါနဲ့။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment