Pages

Pages - Menu

Friday, March 13, 2015

နာဆာပိုင် Dawn စူးစမ်းလေ့လာရေးယာဉ် Ceres ဂြိုလ်သိမ်ပတ်လမ်းထဲသို့ ရောက်ရှိ


RangonNewsDaily:: March . 13 .2015
နေအဖွဲ့ အစည်းအတွင်း အင်္ဂါဂြိုလ်နှင့် ကြာသပတေးဂြိုလ်တို့ အကြားရှိ ဥက္ကာခဲခါးပတ်ကြီးတွင် အကြီးဆုံး အစိုင် အခဲ ကြီးဖြစ်သော Ceres ဂြိုလ်သိမ်အား အနီးကပ်စူးစမ်းလေ့လာရန် လွန်ခဲ့သော ၇-နှစ်ကျော်က စတင် ခရီးနှင် နေသော နာဆာပိုင် Dawn စူးစမ်းလေ့လာရေးယာဉ်သည် ယခုအခါ Ceres ၏ ပတ်လမ်းထဲသို့  အောင်မြင်စွာ ရောက်ရှိသွား ပြီ ဖြစ်ကြောင်း သိရသည်။
Dawn သည် Ceres ဂြိုလ်သိမ်အား အနီးကပ်စူးစမ်းလေ့လာသွားမည့် ပထမဆုံးအာကာသယာဉ်ဖြစ်လာပြီး Ceres ကိုလေ့လာခြင်းအားဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံခန့် က နေအဖွဲ့ အစည်းကြီး စတင်ဖြစ်ပေါ်လာပုံ ၏ သဲလွန်စများကို ရရှိနိုင်ရန် သိပ္ပံပညာရှင်များက မျှော်လင့်ထားသည်။

Dawn သည် Ceres သို့ ရောက်ရှိအောင် ၇ ဒသမ ၅ နှစ် ခရီးနှင်ခဲ့ရခြင်းဖြစ်ပြီး ယခုအခါ Ceres ၏ အမှောင်ဘက် ခြမ်းသို့  ရောက်ရှိနေပြီဖြစ်သည်။ လာမည့်လအတွင်း Dawn ၏ ပတ်လမ်းကို ပြန်လည်ရေးဆွဲမည်ဖြစ်ပြီး ဧပြီလတွင် Ceres ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်စူးစမ်းလေ့လာသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့  Dawn ရဲ့ ပတ်လမ်းကို ပြန်လည်ပြင်ဆင်သွားပါတယ်။ ရည်ရွယ်ချက်ကတော့ Dawn ကို Ceres ရဲ့  မျက်နှာပြင်နဲ့  နီးနိုင်သမျှနီးအောင် ပို့ ဆောင်ဖို့ ပါပဲ။ ကီလိုမီတာရာပေါင်းအနည်းငယ်ပဲ ကွာတဲ့အထိပေါ့။ အဲဒီနေရာ ကို ရောက်သွားနိုင်ပြီဆိုရင် Dawn ဟာ Ceres ရဲ့ အင်မတန်မှကို ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေကို ပေးပို့  သွားနိုင်မှာ ဖြစ်ပါတယ်ဟု သိပ္ပံပညာရှင်တစ်ဦးက ပြောပြသည်။ 

ကျွန်တော်တို့ စိတ်လှုပ်ရှားတက်ကြွနေပါတယ်။ လာမယ့်တစ်နှစ်ခွဲအတွင်းမှာ လုပ်စရာတွေက အများကြီးပါ။
အခုလည်း ပြည့်စုံလုံလောက်တဲ့အရင်းအမြစ်တွေရနိုင်မယ့်နေရာနဲ့ အဆင့်ကို ရောက်နေပါပြီ။ သိပ္ပံလောကမှာ ထူးခြားတဲ့ တွေ့ ရှိမှုတွေ ထွက်ပေါ်လာဦးမှာပါဟု Dawn မစ်ရှင်အကြီးအကဲတစ်ဦးက ပြောပြသည်။ 

Dawn သည် ယခင်ကလည်း Vesta ဥက္ကာခဲကို စူးစမ်းလေ့လာဖူခဲ့ရာ Ceres သည် အရွယ်အစားအားဖြင့် အချင်း ၉၅၀ ကီလိုမီတာရှိရာဝယ် Vesta က အချင်း ၅၂၅ ကီလိုမီတာသာ ရှိကြောင်း၊ သို့ သော် ၄င်းတို့ နှစ်ခုလုံးတွင် ဂြိုလ် တစ်လုံးဖြစ်နိုင်သည့် အခြေအနေများကို တွေ့ မြင်ရကြောင်း၊ ဆက်လက်စူးစမ်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment