Pages

Pages - Menu

Sunday, March 15, 2015

အောင်တံခွန် (၃)ခရီးသည်တင် ရေယာဉ်နစ်မြုပ်မှုခရီးသည် (၃၁)ဦး ရဲ့ အလောင်းတွေဆယ်ယူရရှိ


RangonNewsDaily:: March . 15 .2015
တောင်ကုတ် ကနေ စစ်တွေကို ပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် အောင်တံခွန် (၃) သင်္ဘောဟာ မြေပုံ မြို့ ကမ်းလွန်ပင်လယ်ပြင်မှာ မတ်လ ၁၃ ရက်နေ့ညက နစ်မြုပ်ခဲ့ ပါတယ်။ ရခိုင်ပြည်နယ် အစိုးရကတော့ နစ်မြုပ်ခဲ့တဲ့ သင်္ဘောပေါ်က (၁၆၇) ဦးကို ကယ်ဆယ်ထားပြီး ခရီးသည် (၃၁)ဦး ရဲ့ အလောင်းတွေကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။




နောက်ထပ် ခရီးသည် (၁၆)ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ ည (၈)နာရီခွဲ ကျော်လောက် မှာ သင်္ဘော ကိုယ်ထည်ထဲ ရေတွေ စ ၀င်လာပြီး နောက် သင်္ဘောမြုပ်သွားတာ ဖြစ်တယ်လို့ နစ်မြုပ်စဉ် သင်္ဘောပေါ် လိုက်ပေါ်လာခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အာဏာပိုင်တွေက အဲဒီ သင်္ဘောဟာ လှိုင်းကြီးတွေ မိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

BBC::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment